အမှားကို မြို့ထဲအဝင်မခံနဲ့မန္တလေး -
(ဟိန်း ၊ ထွဏ်းသွေးအိမ်)
ဘယ်လိုခံတပ်မျိုး တည်ဆောက်ရမှာလဲ
အသက်တစ်ချောင်းဈေးဟာ
ကာလပေါက်ဈေးအရဆို ပေါတယ်၊၊
စူပါဟီးရိုးမဟုတ်တော့ သူများကိုမနိုင်ကယ်ဘဲ
စွမ်းအားရှင်မဟုတ်တော့ ကိုယ်တိုင်ထွက်ပြေးရတယ်
နောက်မျိုးဆက်အတွက်
နိုင်ငံတော်သီချင်းရဲ့ အဓိပ္ပါယ်ကို
ဘယ်လိုဖွင့်ဆိုပြီး သီဆိုစေမှာလဲ
ရှောင်တခင် ပိုက်ကွန်ထဲမှာ
ခဏခဏ ပိတ်မိနေတော့
အသိုက်ရှိတဲ့ ငှက်တွေအတွက်တော့
ငါတို့အဖြစ်ဟာ ရယ်စရာ ဇာတ်လမ်းတစ်ပုဒ်၊၊
အသုဘဖိတ်စာပေါင်း
သန်း(၆၀)တစ်ခါတည်းရိုက်ထားရမှာလား
ငါ့အမေကိုစားစေချင်လို့တဲ့
အဲ့ဒီဘေးအိမ်က
ချာပါတီလေးတွေလာပေးဖူးတယ်
ငါတို့ ၀ါဆိုသင်္ကန်းကပ်တော့
အဲ့ဒီဘေးအိမ်က စားပွဲခုံတွေငှားပေးဖူးတယ်
သူတို့ ဘုရားဝတ်ပြုနေချိန်
ငါတို့အိမ်က ကက်ဆက်ကို ပိတ်ထားပေးဖူးတယ်
မကုန်သေးဘူးလား အိုးမည်းတွေ
မရသေးဘူးလား နောင်တတွေ
အုတ်စီထားတဲ့ ဂိုးပေါက်ဝမှာငါတို့ရောက်နေကြပြီ၊၊
ဒီတံတိုင်းကို ငါတို့လက်တွဲပြီးကာထားတယ်။
တိုင်းပြည်က သွေးမတိတ်မှတော့
ရထားတဲ့ဒဏ်ရာတွေကိုလည်း
ဆေးမထည့်ချင်တော့ပါဘူး
"ကမ္ဘာမြေငြိမ်းချမ်းပါစေ"ဆိုတဲ့သီချင်းကို
နောက်တစ်ခေါက်လောက်ပြန်ဖွင့်ပေးပါ
မန်းတောင်ရိပ်ကို အဝေးကနေခိုလို့
အားလုံး အသက်ရှည်ပါစေဆုတောင်း
ဖွဖွလေးတောင်းလိုက်တယ် ၊၊
(Heinn FiveStrings ၊ ထွဏ်းသွေး အိမ်)
(ဟိန်း ၊ ထွဏ်းသွေးအိမ်)
ဘယ်လိုခံတပ်မျိုး တည်ဆောက်ရမှာလဲ
အသက်တစ်ချောင်းဈေးဟာ
ကာလပေါက်ဈေးအရဆို ပေါတယ်၊၊
စူပါဟီးရိုးမဟုတ်တော့ သူများကိုမနိုင်ကယ်ဘဲ
စွမ်းအားရှင်မဟုတ်တော့ ကိုယ်တိုင်ထွက်ပြေးရတယ်
နောက်မျိုးဆက်အတွက်
နိုင်ငံတော်သီချင်းရဲ့ အဓိပ္ပါယ်ကို
ဘယ်လိုဖွင့်ဆိုပြီး သီဆိုစေမှာလဲ
ရှောင်တခင် ပိုက်ကွန်ထဲမှာ
ခဏခဏ ပိတ်မိနေတော့
အသိုက်ရှိတဲ့ ငှက်တွေအတွက်တော့
ငါတို့အဖြစ်ဟာ ရယ်စရာ ဇာတ်လမ်းတစ်ပုဒ်၊၊
အသုဘဖိတ်စာပေါင်း
သန်း(၆၀)တစ်ခါတည်းရိုက်ထားရမှာလား
ငါ့အမေကိုစားစေချင်လို့တဲ့
အဲ့ဒီဘေးအိမ်က
ချာပါတီလေးတွေလာပေးဖူးတယ်
ငါတို့ ၀ါဆိုသင်္ကန်းကပ်တော့
အဲ့ဒီဘေးအိမ်က စားပွဲခုံတွေငှားပေးဖူးတယ်
သူတို့ ဘုရားဝတ်ပြုနေချိန်
ငါတို့အိမ်က ကက်ဆက်ကို ပိတ်ထားပေးဖူးတယ်
မကုန်သေးဘူးလား အိုးမည်းတွေ
မရသေးဘူးလား နောင်တတွေ
အုတ်စီထားတဲ့ ဂိုးပေါက်ဝမှာငါတို့ရောက်နေကြပြီ၊၊
ဒီတံတိုင်းကို ငါတို့လက်တွဲပြီးကာထားတယ်။
တိုင်းပြည်က သွေးမတိတ်မှတော့
ရထားတဲ့ဒဏ်ရာတွေကိုလည်း
ဆေးမထည့်ချင်တော့ပါဘူး
"ကမ္ဘာမြေငြိမ်းချမ်းပါစေ"ဆိုတဲ့သီချင်းကို
နောက်တစ်ခေါက်လောက်ပြန်ဖွင့်ပေးပါ
မန်းတောင်ရိပ်ကို အဝေးကနေခိုလို့
အားလုံး အသက်ရှည်ပါစေဆုတောင်း
ဖွဖွလေးတောင်းလိုက်တယ် ၊၊
(Heinn FiveStrings ၊ ထွဏ်းသွေး အိမ်)