Wednesday, July 2, 2014

အိပ်မက်လေးတစ်ခုသာ (အညတရမောင်)

အိပ်မက်လေးတစ်ခုသာ (အညတရမောင်)

တိမ်တွေလိုလွင့်မျောသွားတဲ့ အလွမ်းတွေ
ပိာုအဝေးကြီးမှာ မမျှော်လင့်ပဲငေးလို့
ဒီညနေတွေ ငါရင်ဘတ်တစ်ခုလုံး
အလွမ်းတွေမကုန်ဆုံးခဲ့ဘူး။

စူးနစ်ကြေမွလွယ်တဲ့ အပိုင်းအစနဲ့
ကျိုးပဲ့နာကျင်မူတွေ
လူးလှိမ့်ခြောက်သွေ့လ
ို့ပြန်မရနိင်တဲ့အစွန်းတစ်ဖက်မှာ
မျှော်လင့်ခြင်း အိမ်မက်တွေ
အနားသတ်မဲ့လို့ပေါ့ ။

အရာရာတစိမ်းဆန်ဆန်နဲ့
အိမ်မက်အသိုးကိုအလွမ်းတွေပျိုးလို့
ဘာမှမရှိတော့တာကို အမှတ်ရတော့
ပြန်မရောက်လာတဲ့ကွာဝေးမူက
အပြီးအပိုင်နှုတ်ဆက်တင်းကျပ်လို့
ဆက်မရတဲ့ကြိုးစတွေပြတ်တောက်သွားခဲ့။

ဒီလိုနဲ့ပဲ......
ကောင်းမလေးရယ်
အလွမ်းရင့်ရင့်က ပန်းပွင့်တွေကြွေသလို
မင်းအတွက်နေရာမှန်မဟုတ်တဲ့ဒီရင်ခွင်ဟာ
ကြာရှည်မှာမဆုံနိုင်ခြင်းနဲ့
တစ်နေရာဆီကွာဝေးလို့
အိမ်မက်လေးတစ်ခုသာဖြစ်ခဲ့ပေါ့။

အညတရမောင်