Tuesday, July 1, 2014

ငါ့ဆန္ဒ. (ရင်ဝေးငှက်)

ငါ့ဆန္ဒ

တစိမ့်စိမ့်နဲ့ ငါ့ရဲ့ရင်တွေ
နင်နင်းချေလို့ကြွေခဲ့ပါပြီ ချစ်သူ
မာယာမြစ်ငယ် တစ်စင်းရယ်က
ရင်ကိုလှည့်ဖြား တိုက်စားသွားတော့
ဘဝအခြေ မကောင်းလေတဲ့
မောင့်ဘဝရယ် ကံကုန်ပြီလားမသိ
သိပ်ချစ်မိသူ ဒီလူမှာတော့
နာကျင်ခံစား ဝေဒနာများနဲ့
နင်ထားရာနေ နင်စေရာသွား
ငါ့ဘဝဟာ နင်လက်ထဲက
အသက်မဲ့တဲ့ ရုပ်သေးရုပ်ပါချစ်သူ
လိုရာကိုဆွဲ မောင့်အသည်း
စုတ်ပြဲပါစေ....ချစ်သူ
ငါ့ဆန္ဒက နင်ပျော်နေရင်ပြီတာပဲမို့ ကျေနပ်ပါတယ်.....

ရင်ဝေးငှက်