Friday, July 18, 2014

စိတ်ဓာတ်မကျပါနဲ့ ဧရာဝတီ ( အောင်ကိုကိုလတ် )

စိတ်ဓာတ်မကျပါနဲ့ ဧရာဝတီ


ဧရာဝတီ.....
မင်းမျက်ခုံးမွှေးပေါ် လျှောက်ချင်တဲ့
သေနတ်ကျည်ဆန်က
ငါတို့ရင်ဘတ်ကိုလာမှန်တယ်

ဧရာဝတီ
မင်နှလုံးသွေးကို ဖောက်ချင်တဲ့ဓားက
ငါ့နှလုံးသားကိုလာစိုက်တယ်

ဧရာဝတီ
မင်းဟာငါတို့ရဲ့ အသက်ဆိုလဲဟုတ်တယ်
မင်းဟာငါတို့ရဲ့ ဝိညာဉ်ဆိုလဲဟုတ်တယ်

ဧရာဝတီ
မင်းပျော်ရင် ငါတို့လဲပျော်ရတယ်
မင်းငိုရင် ငါတို့လဲငိုရတယ်

ဧရာဝတီ
ရေတစ်ပေါက်စာ အတ္တကြောင့်
ရေတပေါက်စာ လောဘကြောင့်
မင်းစိတ်ဓာတ်မကျပါနဲ့

ဧရာဝတီ
မင်းရဲ့ရှေ့မှာ မင်းရဲ့နောက်မှာ
မင်းရဲ့ဘေးမှာ မင်းနာမည်ကိုရွတ်
မင်းအသက်ကိုကာကွယ်
မင်းအသွေးအသားကို
စောင့်ရှောက်မယ့် ပြည်သူပြည်သား
ငါတို့စိတ်ဓာတ်က ကိုယ့်ကိုကိုယ်ချစ်တဲ့
ကိုယ်ချင်းစာတရားတွေမဟုတ်ဘူးဧရာဝတီ။။

အောင်ကိုကိုလတ်