" မိသားစု " ထွဏ်းသွေး အိမ်
ညကရွာထားတဲ့မိုးက
ကြမ်းပြင်ပေါ်မှာ မခြောက်ချင်သေးဘူး
မနက်ခင်းဆိုတာကို
အဖေက
ရေတစ်ခွက်သောက်ပြီး ကြိုဆိုလိုက်တယ်
(ညက များသွားလို့တဲ့)
ပြတင်းပေါက်ကို ဖွင့်လိုက်တော့
ညီမလေးက ခရေပန်းတွေ ကောက်နေတယ်
(ဈေးမကွဲခင် သွားရောင်းရမှာဆိုတော့)
အိမ်ပေါက်ဝကို ရောက်တော့
အစ်ကိုက တစ်ဖက်ခြံထဲမှာ ရေစည်ထည့်နေလေရဲ့
(တစ်ကိုယ်လုံးလည်း ချွေးတွေရွှဲလို့)
ခြံထဲမှာ စပယ်တွေဖွေးနေအောင် ပွင့်နေကြပြီ။
အမေ့ကို သတိရလိုက်တာ
ဒါပေမယ့်…
ထုံးစံအတိုင်း
နို့ပုံးနှစ်ပုံး စက်ဘီးမှာ ချိတ်ပြီး
ကျွန်တော်အိမ်က စထွက်ခဲ့တယ်။ ။
ထွဏ်းသွေးအိမ်
ညကရွာထားတဲ့မိုးက
ကြမ်းပြင်ပေါ်မှာ မခြောက်ချင်သေးဘူး
မနက်ခင်းဆိုတာကို
အဖေက
ရေတစ်ခွက်သောက်ပြီး ကြိုဆိုလိုက်တယ်
(ညက များသွားလို့တဲ့)
ပြတင်းပေါက်ကို ဖွင့်လိုက်တော့
ညီမလေးက ခရေပန်းတွေ ကောက်နေတယ်
(ဈေးမကွဲခင် သွားရောင်းရမှာဆိုတော့)
အိမ်ပေါက်ဝကို ရောက်တော့
အစ်ကိုက တစ်ဖက်ခြံထဲမှာ ရေစည်ထည့်နေလေရဲ့
(တစ်ကိုယ်လုံးလည်း ချွေးတွေရွှဲလို့)
ခြံထဲမှာ စပယ်တွေဖွေးနေအောင် ပွင့်နေကြပြီ။
အမေ့ကို သတိရလိုက်တာ
ဒါပေမယ့်…
ထုံးစံအတိုင်း
နို့ပုံးနှစ်ပုံး စက်ဘီးမှာ ချိတ်ပြီး
ကျွန်တော်အိမ်က စထွက်ခဲ့တယ်။ ။
ထွဏ်းသွေးအိမ်
