သက်သေတည်ပြီးပြောပြချင်တယ်
ကောင်မလေးရေ...
မင်းနဲ့တို့ မမျှော်လင့်ပဲ တွေ့ဆုံခဲ့တယ်နော်
စိမ်းစိမ်းခါးခါးကြည့်သွားတဲ့
မင်းရဲ့အကြည့်တစ်ချက်က
ငါ့နှလုံးသားပြင်ကို
ရေခဲစိမ်အဆိပ်လက်ဝါးလို စူးရှစေခဲ့တာမို့
ငါလေ.....
အဲဒီဒဏ်ရာကိုကုစားဖို့
လိုဏ်ဂူအောင်းပြီး အဆိပ်ထုတ်ခဲ့ရတယ်
ဒါပေမဲ့လေ....
မကုန်စင်သေးတဲ့ ဝေဒနာအပိုင်းစလေးတွေ
ငါ့ရင်မှာကျန်နေသေးတယ်ဆိုတာ
ဟိုး....မိုးကောင်းကင်ထက်က
ငွေကြယ်ပွင့်လေးတွေကို
သက်သေတည်ပြီးပြောရဲပါတယ်
မင်းသာငါ့နှလုံးသားကို
အစိမ်းချွေပြီးစွန့်ခွာသွားမယ်ဆိုရင်
ငါလေရူးသွပ်သွားမှာတကယ်ပါ
တကယ်လို့များ
မင်းမှာကြင်နာသနားတတ်တဲ့
နှလုံးသားရှိမယ်ဆိုရင်
ငါမင်းအချစ်ကို
သစ္စာရှိရှိစောင့်မျှော်နေမယ်
တကယ်တော့လေ
တမ်းတရင်း,လွမ်းမောရင်း
စောင့်မျှော်ရင်း....
ဒါတွေဟာငါ့ရဲ့
မိုးကောင်းကင်အိပ်မက်တွေဆိုတာ
ငါ့ကိုငါသိနေခဲ့တယ်
မင်းအနားမှာ
လိပ်ပြာလေးတစ်ကောင်လို
အမြဲပျံဝဲနေချင်တဲ့......"ကို"
နွေဦးကို
ကောင်မလေးရေ...
မင်းနဲ့တို့ မမျှော်လင့်ပဲ တွေ့ဆုံခဲ့တယ်နော်
စိမ်းစိမ်းခါးခါးကြည့်သွားတဲ့
မင်းရဲ့အကြည့်တစ်ချက်က
ငါ့နှလုံးသားပြင်ကို
ရေခဲစိမ်အဆိပ်လက်ဝါးလို စူးရှစေခဲ့တာမို့
ငါလေ.....
အဲဒီဒဏ်ရာကိုကုစားဖို့
လိုဏ်ဂူအောင်းပြီး အဆိပ်ထုတ်ခဲ့ရတယ်
ဒါပေမဲ့လေ....
မကုန်စင်သေးတဲ့ ဝေဒနာအပိုင်းစလေးတွေ
ငါ့ရင်မှာကျန်နေသေးတယ်ဆိုတာ
ဟိုး....မိုးကောင်းကင်ထက်က
ငွေကြယ်ပွင့်လေးတွေကို
သက်သေတည်ပြီးပြောရဲပါတယ်
မင်းသာငါ့နှလုံးသားကို
အစိမ်းချွေပြီးစွန့်ခွာသွားမယ်ဆိုရင်
ငါလေရူးသွပ်သွားမှာတကယ်ပါ
တကယ်လို့များ
မင်းမှာကြင်နာသနားတတ်တဲ့
နှလုံးသားရှိမယ်ဆိုရင်
ငါမင်းအချစ်ကို
သစ္စာရှိရှိစောင့်မျှော်နေမယ်
တကယ်တော့လေ
တမ်းတရင်း,လွမ်းမောရင်း
စောင့်မျှော်ရင်း....
ဒါတွေဟာငါ့ရဲ့
မိုးကောင်းကင်အိပ်မက်တွေဆိုတာ
ငါ့ကိုငါသိနေခဲ့တယ်
မင်းအနားမှာ
လိပ်ပြာလေးတစ်ကောင်လို
အမြဲပျံဝဲနေချင်တဲ့......"ကို"
နွေဦးကို