အမြဲနေ့ညသေကြရ
ဇနီးသက်ထား၊သမီးသားနဲ့
ပျော်ပါးရွှင်ပါး၊နှစ်တွေကားကြာ
ရက်များလဲကြာ၊နေပါဦးမည်။
အိမ်ရာလယ်မြေ၊ရွှေငွေတွေနဲ့
ထွေထွေသုံးစွဲ၊လူ့ဘုံထဲမယ်
အမြဲကြာကြာ၊နေပါဦးမည်။
ပညာမာန၊ဂုဏ်ပကနဲ့
တွေဆပျော်ပါး၊နှစ်ကားကြာကြာ
တွက်ခါနေ့ည၊ပျော်ရဦးမယ်။
နေဘို့ခင်တွယ်၊သေဘို့ရယ်မေ့(တော့)
ပြုဘွယ်ဒါန၊မလုပ်ကြဘူး
ပြုဘွယ်သီလ၊မတည်ကြဘူး
ပြုဘွယ်တရား၊မပွားများဘူး
မမှားဧကန်၊သေရန်ကြုံတော့
ပါယ်ဘုံသို့သာ၊ရောက်ကြရာတဲ့။
နေမှာကြီးပဲ၊လက်မတွဲနဲ့
အမြဲနေည၊သေကြရမှာ
ဥာဏရှင်ကာ၊ထိုဒါနကို
ဥာဏရှင်ကာ၊ထိုသီလကို
ဥာဏရှင်ကာ၊ထိုသမထကို
ပြုကြကွယ်တို့၊နောင်ကောင်းဘို့ပဲ
လူတို့သိအပ်၊အကျင့်မြတ်ကို
ထပ်ထပ်ခါခါ၊ဘုရားမှာတယ်
အခါမလင့်စေနဲ့တော့။ ။
မျိုးဆက် အောင်သာ
ဇနီးသက်ထား၊သမီးသားနဲ့
ပျော်ပါးရွှင်ပါး၊နှစ်တွေကားကြာ
ရက်များလဲကြာ၊နေပါဦးမည်။
အိမ်ရာလယ်မြေ၊ရွှေငွေတွေနဲ့
ထွေထွေသုံးစွဲ၊လူ့ဘုံထဲမယ်
အမြဲကြာကြာ၊နေပါဦးမည်။
ပညာမာန၊ဂုဏ်ပကနဲ့
တွေဆပျော်ပါး၊နှစ်ကားကြာကြာ
တွက်ခါနေ့ည၊ပျော်ရဦးမယ်။
နေဘို့ခင်တွယ်၊သေဘို့ရယ်မေ့(တော့)
ပြုဘွယ်ဒါန၊မလုပ်ကြဘူး
ပြုဘွယ်သီလ၊မတည်ကြဘူး
ပြုဘွယ်တရား၊မပွားများဘူး
မမှားဧကန်၊သေရန်ကြုံတော့
ပါယ်ဘုံသို့သာ၊ရောက်ကြရာတဲ့။
နေမှာကြီးပဲ၊လက်မတွဲနဲ့
အမြဲနေည၊သေကြရမှာ
ဥာဏရှင်ကာ၊ထိုဒါနကို
ဥာဏရှင်ကာ၊ထိုသီလကို
ဥာဏရှင်ကာ၊ထိုသမထကို
ပြုကြကွယ်တို့၊နောင်ကောင်းဘို့ပဲ
လူတို့သိအပ်၊အကျင့်မြတ်ကို
ထပ်ထပ်ခါခါ၊ဘုရားမှာတယ်
အခါမလင့်စေနဲ့တော့။ ။
မျိုးဆက် အောင်သာ