Wednesday, July 16, 2014

ညလွမ်းဖော်- မောင်လှမျိုး (ချင်းချောင်းခြံ)

ညလွမ်းဖော်- မောင်လှမျိုး (ချင်းချောင်းခြံ)

မင်းရှိမှ
သတိရတတ်တာ မဟုတ်ပါဘူး။
မင်းမရှိတဲ့အခါ
သတိရတဲ့ ..စိတ်
အအိပ်ခက်တာ မင်းသိပါ ။

မင်းမြင်မှ
ခင်တွယ်တတ်တာ မဟုတ်ပါဘူး
မင်းမမြင်တဲ့အခါ
ခင်တွယ်မြတ်နိုးစိတ်
အရိပ်အဖြစ် တည်ရှိတာ
မင်း .. သိမှာပါ ။
ဘယ်လောက်ဝေးဝေး
ဘယ်လောက်ခွဲခွဲ
ရင်ထဲက မင်းရဲ့အရိပ်
ငါနဲ့အတူ အိပ်နေတယ် .. ။ ။

- မောင်လှမျိုး (ချင်းချောင်းခြံ)