Wednesday, July 9, 2014

မေ့မရတဲ့ချစ်ခြင်း (N.L.W)

မေ့မရတဲ့ချစ်ခြင်း

အချစ်ကြောင့် ပူဆွေးခဲ့ရ
အချစ်ကြောင့် ငိုကြွေးခဲ့ရ
အိပ်စက်မရ ညတညဝယ်
မင်းအကြောင်းတွေး
ရင်မှာအနာတရဒဏ်ရာတွေနဲ့
နာကျင်စွာ ခံစားခဲ့ရပြီချစ်သူ

မင်းနဲ့ငါဆုံနိုင်ခွင့်မရှိဝေးခဲ့ပြီလား
တယောက်တည်း ရှေ့ဆက်ဖို့ရာ
ခံနိုင်ရည်မရှိတော့တဲ့ငါ့ဘဝမှာ
မင်းပေးခဲ့တဲ့အနာတရဒဏ်ရာနဲ့
လူးလိမ့်ခံစားခဲ့ရ နေ့စဉ်နဲ့အမျှ
ညစဉ်တိုင်းပေါ့ ချစ်သူ

အိပ်မက်တိုင်းလဲ မင်းအကြောင်း
မင်းနဲ့ငါ ခွဲခွာခဲ့တာကြာပြီဆိုပေမဲ့
ငါ့ရင်မှာတစ်စက္ကန့်မျှ
မေ့ဖျောက်မရခဲ့ပါလား..
ချစ်သူရယ်

N L W