Wednesday, July 9, 2014

ခွဲမသွားနဲ့နော် (N.L.W)

ခွဲမသွားနဲ့နော်

မင်းရှိမှ ငါ့ဘဝပြည့်စုံမှာမို့
ငါ့ရင်ခွင်ဆီက နင်ထွက်မသွားပါနဲ့
ပန်းတပွင့်ရယ်

နင့်နှုတ်ဖျားက မုန်းတယ်လို့
နင်ဘယ်လိုပဲဆိုဆို
တချိန်က ငါပေးခဲ့တဲ့
အမှတ်တရ နေ့စွဲကိုတော့
နင်သတိရနေမှာပါ ပန်းပွင့်ရယ်

နင့်ရင်မှ ပေါက်ဖွားလာတဲ့
ငြိုငြင်မှုတွေ ဘေးမှာထား
မာနတွေခဝါချ နှလုံးသားနှစ်ခုရဲ့ကြားမှာ
ရစ်နှောင်ငါထားတဲ့
သမုဒယနှောင်ကြိုးလေးတွေက
လွယ်လွယ်နဲ့ ဖြတ်လို့မရပါဘူး
ပန်းပွင့်ရယ်

N L W