Friday, July 11, 2014

အုတ်ကြားမြက် (war war)

အုတ်ကြားမြက်မို့
ကိုယ်အထင်မသေးဝံ့ပါဘူး
သူဆိုတာက
ကိုယ့်အားကိုယ်ကိုး
ရှင်သန်ရတဲ့ ဘဝမျိုးမို့
သူ့ဘဝက ပိုလို့တောင်
ရင့်ကျက်နေမှာမို့
သူတစ်ကာထက်
ကိုယ်ပိုလို့တန်ဖိုးထားမိမှာ
အမှန်ပါလို့
ယုံစေချင်ပါတယ်ကွယ်
မသိသူကျော်
သိသူဖော်မို့
ကိုယ်ကတော့ မင်းအတွက်
ပိုလို့တောင်ဂုဏ်ယူနေဦးမပေါ့
အုတ်ကြားမြက်လေးရေ . . .
war war