Friday, July 4, 2014

ဆူးထွင်းအပ်​ (ဖိုး​တေဇိန်​။ ​အောင်​သာ)

ကဲ...
အဲဒီမက္ခတရားကြောင့်ပဲ
ငါတော့ခက်တယ်...။
ဘယ်ကအစပြန်ကောက်ရမှန်း
မသိတဲ့
ငါ့ရဲ့ဗီးနပ်စ်လမ်း....
ခြေလှမ်းလေးတွေကတော့
သိနေလျှက်ပါ---။
ဒီကြားထဲ--
ငါနဲ့နင်တတိုင်းက
ပဲ့ကိုင်မရှိဘဲ
ခြားနားထားလေခြင်း----
သံစဉ်လေးတပုဒ်​လောက်
ညီးပြခွင့်ပြုပါ
သိုးကလေးရယ်------။
မသိချင်လောက်အောင်
ဟန်ဆောင်ကောင်နှိုင်လွန်းတဲ့
အဲ့ဒီနေ့ရက်တွေကြောင့်
ငါ့ရင်ဘတ်ထဲက
အပ်အထွင်းခံရတဲ့
ဆူးတချောင်းရဲ့
ပုံပြင်အကြောင်း
စာကြောင်းလေးတွေနဲ့
ချပြခွင့်ရရင်---
ကဲ--အရပ်တကာတို့ ရေ
ဒီခြေဆင်းမှာ--ခဏထိုင်ကြ
ကျွန်တော်ရင်ခွဲပြပါမယ်။ ။

မျိုးဆက် အောင်သာ