Friday, July 4, 2014

ဥဩဆိုတဲ့​တေး.. ❦ မျိုးဆက်​✏ ​အောင်​သာ❦

မြက်ပင်လေးတွေကပြောတယ်
နွေရာသီဆိုတဲ့
တံခါးဝအောက်မှာ
သူတိုဒူးထောက်
နေရပြီတဲ့------။

ကံဆိုးလိုက်ပုံက
အိပ်​မက်​,မက်တာတောင်
ကျန်စစ်အိမ်မက်ကြီး
ငရဲမီးတွေရဲ့ကြားမှာ
ငါဟာပြေးလွှားလို့---

ချစ်သူရေ------
လသာပြီး
မှောင်မိုက်တဲ့နေရာမှာ
ငါဟာခွဲခွါခြင်း
တေးတစ်​ပုဒ်နဲ့ပေါ့--

အရာရာတိုင်းမှာ
မှတ်တိုင်ရှိမယ်ဆို
အဲ့ဒီမှတ်တိုင်သည်(x x x x x)

ဒါပေမဲ့ငါဟာ
ဦးတည်ရာမဲ့သူပါ
လေလွင့်ငှက်ကို
စာဖွဲ့ဆိုခြင်းတော့
မဟုတ်ပါဘူး
ဥသြတွေတွန်​သံကြားရင်
ငါ--------(x x x x x) တယ်။

ချစ်သူရေ----
ဆရာတာရာ
စကားလိုပါပဲ
ငါတတ်တဲ့
မြေကြီးစကားနဲ့
မင်းတို့ကောင်းကင်ကြီး
နားလည်အောင်
ပြောမပြနှိုင်တောဘူး

❦♥ မျိုးဆက် ။အောင်သာ❦♥