Friday, July 4, 2014

အ​ဝေးဆုံးကလူ (အယ်ပိုင်)

လွမ်း​နေရတဲ့အချိန်​တိုင်းမှာ
ချိုသာတဲ့ နင့်​ရဲ့စကားသံကို
ပြန်​ကြား​ယောင်​မိတယ်​။
နင့်​ရဲ့နူတ်​ခမ်းပါးပါး​လေးက
စီးဆင်းလာတဲ့စကားလုံးတိုင်းမှာ...
ငါ့အတွက်​...
လွမ်းစရာ​တွေဖြစ်​ခဲ့သလို
သမုဒယ​နေ့ဆိုး​တွေကိုလည်း
ဖြစ်​​စေခဲ့တယ်​...
အ​ဝေးက​တွေး​နေတဲ့ ငါ့စိတ်​အာရုံတစ်​ခုမှာ
နင်​​တစ်​​ယောက်​တည်းပါ
မပီပြင်​တဲ့ ဇာတ်​လမ်းတစ်​ပုဒ်
မညီလွင်​တဲ့ ညလမ်းစုတ်​တစ်​ခုမှာ
ငါ​လေ...
နင်​ရှိတဲ့​နေရာကို အလွမ်း​တွေ
တ​ပွေ့တပိုက်​ကြီးနဲ့
လာခဲ့ချင်​မိတယ်​။
ဒါ​ပေမဲ့...
ငါ့အတွက်​ စိတ်​ကူးယဉ်​အိပ်​မက်​သာ
ကဗျာတစ်​ပုဒ်​​ဖြစ်​ခဲ့ရတယ်​...
လက်​​တွေ့ဘဝမှာ​တော့
နင်​မရှိတဲ့အ​ဝေးတစ်​​နေရာမှာ
အ​တွေးနဲ့သာ ​ဆွေး​နေရတယ်​​...
ချစ်​သူ

♪ အယ်​ပိုင်​ ♪