Friday, July 4, 2014

ချစ်​ခြင်းဖွဲ့ ဋီကာ.. ✏ ​မေヅ ❦

မောင်ရေ....
အ​ခြေအနေ​တွေမ​ပေးလို့
ဝေးကွာ​နေ​ပေမယ့် မောင်​နဲ့အတူ
မေအမြဲရှိနေတယ်ဆိုတာ သတိရ​ပေးပါနော်

မောင်ရေ....
မောင်​နဲ့တွေ့ချိန်မှာ
မေ စောင့်မျှော်တတ်တာကို
မေ တစ်ခါတစ်လေပျက်ကွက်ခဲ့ရင်
မောင် နားလည်ပေးပါနော်

မောင်ရေ....
မေနဲ့အတူ အနာဂတ်လမ်းကို
အတူတူလျှောက်ကြဖို့ မောင်ဆွေးနွေးပေးတဲ့
မောင့်ရဲ့နွေးထွေးမှုတွေတိုင်းမှာ
မေ သာယာပါတယ်မောင်

မောင်ရေ.....
အရာရာမေ့ရှေ့က​နေ
မားမားမတ်မတ်ရပ်တည်ပေးမယ်ဆိုတဲ့
မောင့်ရဲ့ယောင်္ကျားကောင်းစိတ်ဓါတ်ကို
မေ လေးစားဂုဏ်ယူနေမိတယ်ဆိုတာ
မောင် တစ်ယောက်သိပါ​စေ​နော်.....

မောင်ရေ....
မေတို့အတူတူလျှောက်လှမ်းကြမယ့်
ဘ၀ခရီးလမ်းမှာ
မောင့်ကို ယုံကြည်နားလည်မှုတွေနဲ့ အားကိုးသွားမယ်ဆိုတာ
မောင် အ​တွေးလေးထဲအမြဲရှိ​နေ​ပေးပါနော်

မောင်ရေ....
မေ​ပြောချတဲ့စကားတွေကို
ပြောပြခွင့်ရ​အောင် ရှိ​နေ​ပေးတဲ့
မောင့်ရဲ့ ရင်​ခွင်လေးကို
မေ အရမ်း ချစ်တယ်မောင်

➳ ​မောင့်​ချစ်​သူ​မေ.....❦