Friday, July 4, 2014

အများနဲ့မတူတဲ့..တစ်​​ယောက်​​သောသူ...♬​မေ ♪

မောင်....
အများပြောတဲ့ သားချောမဟုတ်ပေမယ့် အရာရာသောသူတို့ထက်
သာလွန်ပါတဲ့မောင


မောင်....
အများအတွက် ပြောစမှတ်မရှိပေမယ့် မေ့အတွက်တော့.....အ​တောမသတ်တဲ့
အချစ်တွေရှိနေတဲ့မောင်

မောင်.......
သူတလူငါတမင်း လူမင်းတွေရှိနေလဲ
အရာရာ​မေသ​ဘော
ရှေ့တန်းတင်ပေးတဲ့မောင်

မောင်....
ငွေကြေးတွေပုံအောမ​ပေး​လေ​ပေမယ့် တန်ဖိုးအကြီးဆုံး စိတ်ဓါတ်ရတနာကို ပိုင်​ဆိုင်​ပါတဲ့မောင်

မောင်ရေ……….
ဒီဘ၀မှာ ကံကောင်းလှတဲ့မေ
နောင်​များလည်း ကံကောင်းချင်​ရဲ့မောင်​ရယ် အရာရာတိုင်းထက် မောင်​ဆိုတာ
အရိပ်လိုစေစားနေ​လေရဲ့
ကျေးဇူးပြုပြီး
အချစ်တွေပိုပိုတိုးလာတဲ့အတွက်
နေပြင်းပြင်းကြီးတော့မပူချလိုက်ပါနဲ့နော် မေ့အချစ်သစ်ပင်လေး
နေဒဏ် မခံနိုင်​မှာစိုးလို့ပါ
မောင်​ရယ်…………..။


❦ ​မောင့်​ကိုချစ်​​သော...​မေ❦