မောင်ရေ........
တယောလေးမှာ တပ်ဆင်ထားတဲ့
ကြိုးလေးလိုမေ့ကိုမှတ်ယူထားပြီးပေါ့
မောင်တော့ တေးသွားလေး ဖော်ဆောင်ချလို့ တီးခတ်တိုးဝှေ့လိုက်ပေမယ့်
အထိရှခံလိုက်ရတဲ့ ကြိုးလေးကတော့ သာယာနာပျော်ဖွယ် သံသာသာလေး ဖော်ကြူးထွက်ဆိုနေမှာပါ
နာကျင်မှုတွေ မေ့မေ့လျော့လျော့နဲ့
တေးသံလေး တကြူကြူနဲ့ပေါ့
ဒါပေမယ့်..........
တူရိယာကြိုးလေးတွေဆိုတာ ထိခိုက်တာများရင်တော့ ပြတ်တောက်ထွက်သွားကြစမြဲပဲနော်
မောင်ရေ........
ကြိုးလေးပြတ်သွားရင်တော့
မောင်ဘယ်လောက်တိုးဝှေ့တီးခတ်ခတ်
မောင်တီးခတ်တဲ့ တေးသွားချိုချိုတွေလဲ ဆိတ်သုဉ်းပျောက်ကွယ်သွားမှာဆိုတာ
မောင်သိထားပေးပါနော်....
ဝမ်းနည်းမှုတိုင်းအတွက်
တန်ပြန်ခံစားမှုတွေက
လွတ်မြောက်ခွင့်ရှိပါစေမောင်.....
❦ မောင့်ချစ်သူ မေ❦