Friday, July 4, 2014

အဆုံးအစမရှိတဲ့ငါချစ်​ခြင်း ♥ ​မေ❦

ချစ်သူ......
နင်နားမလည်နိုင်​တဲ့ ငါ့ရဲ့ချစ်ခြင်းအတွက်
ငိုနေတဲ့ ငါ့ပါးပြင်ပေါ်က မျက်​ရည်ပဲ သက်သေဖြစ်​ရ​တော့မှာလား ချစ်


ချစ်သူ....... နင်​နားမလည်နိုင်​တဲ့ ငါ့မေတ္တာတရားတွေအတွက်
ငါ့ရဲ့ပေးဆပ်မှုကိုပဲ သက်သေထူရ​တော့မှာလားချစ်သူ

ချစ်သူ....... နင်နားမလည်နိုင်​တဲ့
ငါ့ရဲ့သစ္စာတရားအတွက်
ကျိန်ဆိုခြင်းတစ်ခုပဲ အ​ထောက်အကူပြုနိုင်တော့မှာလားချစ်သူ

အချစ်ဆိုတာ.......
ပေးဆပ်ခြင်း ရယူခြင်း မကင်းပါဘူးချစ်သူ
ချစ်လို့ ပေးဆပ်ထားတယ်
ချစ်လို့ ရယူပိုင်​ဆိုင်ထားတယ်ဆိုတာ
သနားခြင်းနဲ့မြစ်ဖျားမခံပါဘူးချစ်သူ

အချစ်ညီမျှခြင်း သနားခြင်းလည်း
မရှိခဲ့ပါဘူးချစ်သူ
ချစ်သူထင်နေတဲ့
ငါ့ရဲ့အတ္တ အချစ်ဆူးလေးကို
အပြစ်မှူးလို့ ထင်ရင်တော့
ထင်ရက်သလိုသာ ထင်​ပါတော့ချစ်တဲ့သူ

ငါချစ်ခဲ့တာ အဆုံးအစ မရှိပါဘူး
အချစ်ဆိုတာ အဆုံးအစ
မရှိဘူးလို့ထင်​ခဲ့တဲ့ ငါ့အတွက်တော့
စခဲ့ပြီးပါပြီ အဆုံးသတ်ဆိုတာ
ငါ့အသက် ငါ့ခန္ဓာနဲ့
တစ်ထပ်တည်း ရှိနေအုံးမှာပါ
ချစ်တဲ့သူရေ

❦ မောင့်ချစ်သူ မေ❦