Friday, July 4, 2014

မောင်​... ♥ ​မေ❦

မောင်​သည်......
ကျွန်​မရဲ့ လူချောလေးပေါ့
ဘယ်သူမှ လိုက်မမီနိုင်​တဲ့
ရုပ်​ရည်​ ရူပကာလေးနဲ့ပေါ


မောင်သည်​..........
ကျွန်​မအတွက် အ​လေးထားစရာလေးပေါ့ အ​လေးထားစရာတွေထဲက
အလေးအထားရဆုံး လူသားလေးပေါ့

မောင်​သည်​........
ကျွန်​မရဲ့ ကိုယ်ပွားလေးပေါ့ သူဘယ်လိုနေတယ်ဆိုတာ
အမြဲတမ်း မျက်စိဝေ့နေရတဲ့
ချစ်စရာ ကိုယ်ပွားလေးပေါ့

မောင်သည်​..........
အသက်တွေ ဘယ်လောက်ကြီးလဲ
ချစ်စရာပုံစံ အမူအယာလေးတွေ အမြဲတမ်းပေါ်လွင်နေတတ်တဲ့
ချစ်သူလေးပေါ့

မောင်​သည်..........
ယုံကြည်အားကိုးထိုက်အောင် အမြဲပဲ အသွင်ဆောင်နိုင်​တဲ့
အောင်နိုင်​သူကြီး တစ်ယောက်ပေါ့

မောင်သည်​.........
ခန့်ညားလှတဲ့ မောင့်ရူပကာလေးနဲ့
ချစ်ခြင်းတွေ ဆိတ်သုဉ်းမကုန်ဆုံးအောင် မူသွင်လေးတွေကြောင့်......

မောင်ရေ.....
ချစ်ခြင်းတွေ တည်​​နေ​တော့
အရာရာတိုင်းမှာ မောင်က​တော့
တုနှိုင်းလို့ မမီနိုင်​ဘူးလေ
ချစ်တဲ့ မောင်ရေ......
အချစ်တွေလဲ ချိုပါတယ်
အချစ်တွေလဲ ခါးလှပါတယ်
ဒါပေမယ့် ပုထုဇဉ်လူသားပေမို့လား
အချစ် ချိုခါးတွေကို နေ့စဉ်မှ
မ​သောက်သုံးရရင်
ဘ၀တွေများ ဆားမပါတဲ့ ဟင်းလို
အရသာ မရှိလှဘူးကွာ....

✏ ➳ ヅ ​မောင့်​ကိုချစ်​တဲ့...
မောင့်ချစ်သူ မေ❦ ❦