Friday, July 4, 2014

ဆောင်းတွင်းမို့.....✏ သီရိ​မေ✌

မူရင်း မူရင်းနဲ့ချစ်ခြင်းကို
ဘောင်​လာမခတ်ပါနဲ့လားဗျာ

ကျွန်တော့်​အချစ်တွေ
ဆောင်းတွင်းမို့ ရေခဲလို
အရည်​မ​ပျော်​ဘူးလို့ မထင်​လိုက်ပါနဲ့
ပတ်ဝန်းကျင် လေတိုက်နှုန်းထဲက အပူတစ်ငွေ့လေးပါရင်​လဲ
တိုက်စားခံရင်းပျော်လွင့်နေပါတယ်

အရည်တော်ပျော်မှ
ပြန်ခဲဖို့လာမကြိုးစားနဲ့
ကျွန်တော့် စိတ်တွေ
ရေခဲတိုက်​မ​ရောက်ခင်
ပုတ်သိုးကုန်လိမ့်မယ်............

➳ သီရိမေ❦