Friday, July 4, 2014

ရင်​ထဲမှာလည်း...​ဆောင်း ♕ သီရိ​မေ ♕

အလှမ်းဝေးနေလို့ လွမ်းမ​ပြေနိုင်တဲ့
ချစ်ခြင်းတစ်ချို့မြူနှင်းတွေလဲ
မျက်ဖျားလေးတွေမှာ တွဲလဲခို.....

အဆင်းမရှိပေမယ့် အချင်းရှိနေတဲ့ စက္ကူပန်းလေးတွေလဲ
လေအ​ဝှေ့မှာတေးလေးဆို.....

အော်..... အချစ်မသိ အနှစ်မရှိသတဲ့...
နေရာတိုင်းမှာ မြူနှင်းတွေဝေနေလဲ
ကိုယ့်အသဲမှာ နှင်း မထိဘူး
ဆီးဂိမ်းက မီးပုံတုလို
အလင်းတွေ ပေးပေမယ့်
နွေးထွေးမှုတွေ ဗလာနတ္ထိ.........


♕ သီရိမေ ♕