အလွမ်းဆိုတဲ့ ဝေါဟာရတစ်ခု
ငါဘိဓာန်မှာ ငါချရေးထားခဲ့မှာကိုကြိုသိနေပေမဲ့ ခွင့်လွတ်စွာချစ်နေမိတာ ငါ့အပြစ်ပါ.
ငါသိပါတယ် ချစ်တတ်ရုံနဲ့
ဘွဲ့တက်ယူမိတာ ငါ့အပြစ်ပါ…
မင်းပျော်ရင်ပြီးရောလို့ ချစ်စိတ်နဲ့
နားလည်ပေးခဲ့တာ ငါ့အပြစ်ပါ..
မင်းမှန်ပါတယ် နေပူအောက်ဘဝမျိုးကို
မင်းက ဘယ်စိတ်ကူးပါ့မလဲ
ငါကိုကမှားခဲ့တာပါ ငါ့အပြစ်ပါ…
ဖြူစင်စွာချစ်မိတဲ့ ငါ့နှလုံးသားတစ်စုံ
မင်းအတွက်... ရေစက်ချအမျှဝေတာကိုက ငါ့အပြစ်ပါ…
မင်းလိုအပ်ရင် မင်းဘေးမှာ
ငါအမြဲတမ်း ရှိနေတယ်ဆိုတာ
မင်းမသိခဲ့တာ ငါ့အပြစ်ပါ…
ငါဆိုတဲ့ကောင်ကလည်း မင်းလိုချင်တဲ့ ပုံစံမျိုးနဲ့ဘဝမျိုးမှမဟုတ်ခဲ့တာ ငါ့အပြစ်ပါ…
မင်းပေးတဲ့ အနမ်းတချို့နဲ့
မင်းနဲ့အတူရှိနေတဲ့ နေရာဟောင်းလေးကို အလိုလို ရောက်နေမိတာ ငါ့အပြစ်ပါ
မင်းသွားပါ.....
လွတ်လွတ်လပ်လပ်နဲ့
ငါ့နှလုံးသားကို နင်းချေပါ ငါခွင့်လွတ်နေဦးမှာပါ…
❦ အောင်မင်းခန့် ❦