❦ မတည်ငြိမ်တဲ့ ကျွန်းမျှောတွေလို
မင်းအချစ်တွေ ယိမ်းယိုင်နေမလား
❦ လေယူရာလွင့်တဲ့ ဗေဒါပန်းပွင့်တွေလို
မင်းအချစ်တွေ ခိုနားရာ များနေမလား...
❦ မခိုင်မာတဲ့ ရွှေကြာမျှင်လို
မင်းရဲ့သံယောဇဉ်ကြိုးတွေ
တစ်နေ့ပြတ်တောက်သွားလေမလား
❦ အချစ်ရယ်......
ဆုံးရှုံး ရမှာစိုးစိတ်နဲ့ ကိုယ့်နှလုံးသားက
တိုးတိုးတိတ်တိတ် ငြီးငိုလျက်ပါ....
❦ မင်းနှလုံးသားထဲက
ကိုယ့်အချစ်ဟာလည်း မြုံးမိတဲ့ငါးလိုပဲ
ထွက်ပေါက်လမ်းမမြင်တော့ပါကွယ်.....
❦ w.z.o ❦
