ချစ်သူတဲ့လား...
ခင်တတ်စေခဲ့သလို ကြဉ်တတ်စေခဲ့သလား။
ချစ်တတ်စေခဲ့သလို မုန်းတတ်စေခဲ့သလား။
လွမ်းတတ်စေခဲ့သလို
နာကျည်းစေတတ်ခဲ့သလား။
ဂရုစိုက်ခဲ့မိသလို လစ်လျူရှုခဲ့စေသလား။
ကြင်နာတတ်စေခဲ့သလို ရက်စက်တတ်စေခဲ့သလား။
ကြည်နူးစေခဲ့သလို သွေးအေးစေခဲ့သလား။
နွေးထွေးစေခဲ့သ၄လို အေးစက်စက်ဖြစ်စေခဲ့သလား။
နှစ်သိမ့်စေတတ်သလို ခံစားစေတတ်ခဲ့သလား။
နှစ်သက်စေခဲ့သလို ရက်စက်စေခဲ့သလား။
မြတ်နိုးစေခဲ့သလို စွန့်ခွာစေခဲ့သလား။
သတိရစေခဲ့သလို မေ့လျော့စေခဲ့သလား။
မျှော်လင့်နေတတ်သလို အမှတ်တမဲ့ဖြစ်စေခဲ့သလား။
ယုယစေတတ်ခဲ့သလို ညာနေတာတွေလို့ထင်စေခဲ့သလား။
တမ်းတစေတတ်ခဲ့သလို နွမ်းလျစေတတ်ခဲ့သလား။
ပြုံးတတ်စေခဲ့သလိုမဲ့တတ်စေခဲ့သလား။
ရယ်တတ်စေခဲ့သလို ငိုတတ်စေခဲ့သလား။
ပျော်ရွှင်စေတတ်သလို
ဝမ်းနည်းစေတတ်ခဲ့သလား။
နားလည်စေတတ်သလို ဥပက္ခာပြုတတ်စေခဲ့သလား။
ချစ်စေ . . . မုန်းစေ . . .
ပြုံးစေ . . . မဲ့စေ . . .
ရယ်စေ . . . ငိုစေ . . .
ဆန့်ကျင်ဘက်တွေကြားမှာ
နေသားကျအောင်သင်ပေးခဲ့တဲ့ချစ်သူ . . .
မင်းပေးတဲ့ ခံစားချက်ဝေဒနာတွေကြောင့်
ပြိုကျခဲ့တဲ့ မျက်ဝန်းကမိုးရေစက်တွေ. . .
အချိန်ဆိုတဲ့သမားတော်ကြောင့်
သက်သာရာရခဲ့ပေမယ့်
ချစ်တဲ့စိတ်ကြောင့် ....မျက်ဝန်းမှာ
မပြိုတဲ့မိုး အုံ့မှိုင်းနေသလို
ပါးပါးလေးနဲ့ ၀ါးဝါးလေးဖြစ်နေသေးတယ်
ချစ်သူ . . . .
ဒါပေမယ့်ပေါ့လေ . . . .
မြတ်နိုးစိတ် ကြီးမားလွန်းတာကြောင့်
နှလုံးသားမှာ ထုထည် ကျစ်လစ်နေတဲ့
အချစ်ဆိုတဲ့ တိမ်တိုက်ဖြူလွလွကတော့
ရွာမြဲမစဲ တသဲသဲဆိုသလို
ဆက်လက်တည်ရှိနေမှာ
မင်းသိနိုင်မှာမဟုတ်ပါဘူးလေ . . . .
