ဆုတောင်း
မျက်လွှာအဖွင့် အလင်းမြင်လို့
သာယာတဲ့မနက်ခင်းလေးတစ်ခု
ပိုင်ဆိုင်နိုင်ပါစေ…..။
နူးညံ့သိမ်မွေ့တေးဆိုကျူးသီ
ငှက်ကလေးများရဲ့သီချင်းများလည်း
မင်းကြားပါစေ…။
ချစ်ခွင့်စောင့်စား
မျှော်လင့်နေသူများထံမှလည်း
အချစ်များစွာနဲ့လက်ဆောင်များစွာလည်း
ပိုင်ဆိုင်နိုင်ပါစေ….။
ကြည်နူးသာယာ စိတ်ကူးလို့သာတွေးထားသော အိမ်မက်များလည်း ဆန္ဒနှင့်တကွ
ထပ်တူကြပါစေ….။
မကောင်းခဲ့တဲ့အတိတ်
ချန်ကာထားပြီး ရှေ့သို့မျှော်မှန်း
လျှောက်လှမ်းရမယ့်အနာဂါတ်
စိုးစိမျှမယိမ်းယိုင်အောင်
မှန်ကန်သော ခြေလှမ်းနှင့်
ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ…..။
ဘာတွေ…ဘယ်လိုဖြစ်ဖြစ်
ဒီတစ်နေ့တော့…. မင်းပျော်ပါစေ….။
