ကျယ်ပြန့်တဲ့မိုးကောင်းကင်အောက် မိုးတိမ်တွေရဲ့ခေါ်ဆောင်ရာနောက်
ငါ့ရဲ့စိတ်ကို မျောလွင့်ရင်း
အချစ်စစ်ကို လိုက်ရှာခဲ့တယ်။
လေပြေရဲ့သယ်ဆောင်ရာနောက်
ငါ လိုက်ပါခဲ့တယ်။
ချစ်သူရဲ့အငွေအသက်ကို
လိုက်ရှာနေခဲ့တယ်
တစ်ကမ္ဘာလုံး.....
မိုးရေတွေလို
ငါ့ရဲ့စိတ်ကိုစီးမျောရင်းနဲ့
ချစ်သူရှိရာ......ဒီရင်ခွင်မှာ
ကျောက်ချနေတော့မယ်
အစိုင်အခဲအဖြစ်နဲ့ပေါ့.......
(တစ်ဘ၀လုံး)
နှင်းပွင့်တွေလို ငါ့မေတ္တာချစ်ခြင်းတရားက မင်းအပေါ်မှာ တဖွဲဖွဲကျဆင်းတော့မှာပါ သက်ထက်ဆုံးထိတိုင်.......လေ။
