Friday, July 4, 2014

ကျွန်​​တော်​သိတဲ့အချစ်​ဆိုတာ.....✏ အားမာန်​➳ စလင်း❦

➳ ကျွန်တော်သိထားတဲ့အချစ်ဆိုတာ
သူ့ရဲ့ပျော်ရွှင်​မှုတွေထဲကို
ကိုယ့်ရဲ့ပျော်ရွှင်​မှုတွေ
ပေါင်းထည့်ပေးလိုက်​ရတာပါပဲ...

➳ ကျွန်တော် လက်ခံထားတဲ့အချစ်ဆိုတာ
ချစ်သူအလိုကို လိုက်လျောဖြည့်ဆည်း
အ​လျှော့ပေးနည်းတစ်မျိုး ။ ။

➳ ကျွန်တော်နားလည်ထားတဲ့အချစ်ဆိုတာ
ထောင်မြင်​လို့်ရာစွန့်တာမျိုးမဟုတ်ဘူး
ကျွန်တော်တွေ့ရှိထားတဲ့အချစ်ဆိုတာ ​လေ​ပြေ​လေးတစ်ခုလိုပါပဲ....
ဖြည်းညှင်းစွာတိုက်ခိုက်လာတဲ့​အေးမြမှုကို
သစ်​ရွက်​က​လေးတွေလှုပ်မှ
သိလိုက်​ရတဲ့အဖြစ်မျိုး ။ ။

➳ ကျွန်တော်အမြတ်တနိုးနဲ့
တန်ဖိုးထားတဲ့ အချစ်ဆိုတာ
ဂုဏ်တွေ ငွေတွေနဲ့လည်း
အလှခြယ်မထားဘူး ။ ။
ပကာသန​တွေနဲ့လည်း
တန်ဆာဆင်​မထားဘူး ။ ။

➳ ကျွန်တော်မက်မော
တွယ်တာမိတဲ့အချစ်ဆိုတာ
မခေါ်ဘဲနဲ့လာတတ်ပေမယ့်
မနှင်​ဘဲနဲ့ ပြန်​မ​ပြေးတတ်ဘူး ။ ။

➳ ကျွန်တော်ယုံကြည်ထားတဲ့အချစ်ဆိုတာ
ဒေါင်းယောင်ဆောင်သောကျီးလိုလည်း
မာယာမများဘူး
သိုးရေခြုံတဲ့ ဝံပုလွေလိုလည်း
မ​ကောက်ကျစ်ဘူး

❦ နားလည်မှု၊ စာနာထောက်ထားမှု
ဖေးမကူညီမှု၊ ချစ်ခင်ယုယမှုတွေနဲ့
ဖွဲ့စည်းတည်ဆောက်ထားတဲ့
မေတ္တာကမ္ဘာလေးထဲက
သစ္စာဘုံဗိမာန်က​လေးတစ်ခုပါပဲ

♬အားမာန် ( စလင်း )♬