Friday, July 4, 2014

နားလည်​​ပေးပါ ✏ ​အောင်​မင်းခန့်

မင်းနှုတ်ဖျားက
မချစ်တော့ဘူးလို့ဘယ်လောက်ပဲပြောပြော မင်းပြောတဲ့စကားကို
ငါကစလို့ ပြောတာလို့ပဲ
ထင်နေတာ ချစ်သူ...။

Online မှာတွေ့ရင်​လည်း
စကားတွေဆက်​မ​ပြောချင်​ဘူးဆိုပြီ
မင်းက Off လိုင်းကိုလုပ်ထားရင်​လည်း
မင်း Online မှာရှိတယ်ဆိုတာကို
ငါအလိုလိုသိနေတယ် ချစ်သူ.....။

တခါတခါမှာ မင်းက ငါ့ကို “မချစ်ဘူး”လို့ပြောတယ်
နောက်တစ်ခါတွေ့ပြန်တော့
”ချစ်တယ်”လို့ပြောတယ်
မင်းကငါ့ကိုရူးခိုင်းနေတာလား ချစ်သူ...။

မင်းကကျီစားတာများလာတော့
မခံစားဖူးတဲ့ ငါ့နှလုံးသားတွေတစတစနဲ့
ကြာလာတော့ လောင်​ကျွမ်းသွားလိမ့်မယ်. ချစ်သူ....။

ငါက နေဒဏ်သင့်နေတဲ့
ခ​ရေပန်းတစ်​ပွင့်လို အလွမ်းဒဏ်တွေသင့်နေတယ်
ငါ့ဘဝမှာ ရင်​မှာဝေဒနာကို ပွေ့ပိုက်​ရင်း ငါဘယ်လိုခရီးဆက်​ရမှာလဲ... ချစ်သူ....။

ငါ့ဘဝကနေဒဏ်သင့်ပြီး
ကြွေနွမ်းနေတဲ့ ခ​ရေပွင့်လေးလို မဟာပထဝီမြေကြီးမှာ
ခယဝပ်စင်းနေရတဲ့ဘဝမို့
ဘယ်သူကကောက်​ယူပြီး
နမ်းချူချင်​မှာလဲ... ချစ်သူ...။

ဒါပေမယ့်လေ......
ခ​ရေပန်းပွင့်လေးဘဝကမြေမှာခလို
ဘယ်လောက်ပင်ခြောက်​​သွေ့​ခြောက်​​သွေ့
ပန်းချစ်သူတို့အ​ပေါ်
ထာဝရေမွှးကြိုင်​သင်းပျံ့တဲ့
ရနံ့လေးကိုတော့
အမြဲပေးစေတယ်ဆိုတာကို
မင်းနားလည်ပါ ချစ်သူ....။

နောက်ဆုံးအ​နေနဲ့
ငါတောင်းဆိုချင်​ပါတယ်... အလွမ်းဒဏ်သင့်နေတဲ့ငါ့ကို
နောက်​...မကျီစားပါနဲ့လို့်.........

❦ ​အောင်​မင်းခန့်​ ❦