Friday, July 4, 2014

အမေ .N.L.W

အမေ

ကာလလရေကြည် သန္ဓေတည်စ
ပူ'ငန်'စပ်'ခါး ရှောင်ရှားပြီကာ
စားရရှာပေါ့ အမေ

ဝမ်းတွင်းမှာထား ကျောက်တုံးပမာ
လေးလံစွာနဲ့ လွယ်ရရှာပေါ့ အမေ

သန္ဓေရင့်၍ အသက်ကိုစတေး
သွေးပွက်ထဲမှ သားလူလေးကို
မြင်စဉ်ခဏပီတိတွေ ရင်ဝယ်ပိုက်ပြီး
အပြုံးမပျက် စိုက်ကြည့်နိုင်သေးတယ်နော်
မေမေရယ်

အသက်ရှင်လျှက် သေနေသူလို့
သမုတ်ပြုထား သည်စကားနယ်
အမေ့'ဝမ်းတိုက်မှာ ဆယ်လတိုင်တိုင်
အောင်းနေစဉ်ပေါ့
အမေဖြစ်သူတိုင်းရဲ့
မေတ္တာ'ကရုဏာ သံလေးက
အော်--ငါ့သားငါ့သ္မီး
လူလောကကို ရောက်မှရောက်ပါမလားဆိုတဲ့
အမေ့'ရေရွတ်သံလေး
သားရင်မှာပဲ့တင်ထပ်လျက်ပါ'အမေ
အမှောင်ထုဖြိုခွင်း
အလင်းသို့ရောက်လာတော့လည်း
နို့ချိုကျွေးကာပြုစုရှာပေါ့''အမေ '
အူဝဲအူဝဲတအေးအေးနဲ့
နွဲ့ဆိုး'ဆိုးနေပေမဲ့အပြုံးမပျက်တဲ့ အမေ
မေမေရယ်
အမေ့'ဂုဏ်ပုဒ်ထုတ်နုတ်ပြရရင်
ဘယ်ပန်းချီရေးလဲ ရေးမမှီတဲ့အမေ့ဂုဏ်
သမုဒ္ဒရာနှင့် နှိုင်းရင်လည်းမနှိုင်းထိုက်
ရွှေမြင့်မိုရ်နဲ့ နှိုင်းရင်လည်းမနှိုင်းအပ်တဲ့''အမေ''
အမေရယ်'
အနေဝေးနေပေမဲ့ သားနှလုံးသားမှာ
ထာဝရရှိခိုးကန်တော့လျက်ပါအမေ
ရောင်ပြန်ဟပ်လာမည့်
အမေ့'မေတ္တာသံလေး တမ်းတရင်း'ပေါ့
အမေ'ကျန်းမာပါစေ
သားဆုချွေလျက်ပါ
မေမေ
N L W