ပန်းပျိုးသူများသို့
လမ်းနံဘေးမှာ......
ကမ်းပေးနေတဲ့လက်တွေက
ဘဝပေးအခြေနေအတွက်
ရတက်မအေးနိုင်တဲ့ကလေးတွေရဲ့
နွေးထွေးစေသော စာသင်ဝိုင်းတစ်ခု။
ပန်းပျိုးသူတွေက.....
အလှမ်းဝေးတဲ့ပန်းလေးတွေရဲ့
ချို့တဲ့လူမူဘဝကို
မေတ္တာစေတနာဝေဖြားကျတဲ့အခါ
လှပတဲ့ချစ်ခြင်းနဲ့ပြစ်ကင်းတဲ့
အပြုံးတွေကိုသာပွင့်ဝေစေခဲ့လို့ပေါ့။
ဒီအတွက်.....
အမှောင်တွေကြားက
အရောင်တွေဖြားကျသွားတဲ့ကမ္ဘာမြေကို
သူတတ်နိုင်စွမ်းတဲ့ကိုယ်ရောင်နဲ့
အလင်းပေးသူမို့
ပန်းပျိုးသောလက်က
ညှိးနွမ်းသောဘဝတွေအတွက်
အားအင်တစ်ခုတော့ဖြစ်ကောင်းပါရဲ့။
အညတရမောင်
လမ်းနံဘေးမှာ......
ကမ်းပေးနေတဲ့လက်တွေက
ဘဝပေးအခြေနေအတွက်
ရတက်မအေးနိုင်တဲ့ကလေးတွေရဲ့
နွေးထွေးစေသော စာသင်ဝိုင်းတစ်ခု။
ပန်းပျိုးသူတွေက.....
အလှမ်းဝေးတဲ့ပန်းလေးတွေရဲ့
ချို့တဲ့လူမူဘဝကို
မေတ္တာစေတနာဝေဖြားကျတဲ့အခါ
လှပတဲ့ချစ်ခြင်းနဲ့ပြစ်ကင်းတဲ့
အပြုံးတွေကိုသာပွင့်ဝေစေခဲ့လို့ပေါ့။
ဒီအတွက်.....
အမှောင်တွေကြားက
အရောင်တွေဖြားကျသွားတဲ့ကမ္ဘာမြေကို
သူတတ်နိုင်စွမ်းတဲ့ကိုယ်ရောင်နဲ့
အလင်းပေးသူမို့
ပန်းပျိုးသောလက်က
ညှိးနွမ်းသောဘဝတွေအတွက်
အားအင်တစ်ခုတော့ဖြစ်ကောင်းပါရဲ့။
အညတရမောင်
