Friday, July 4, 2014

တစ်​ပွင့်​ပန်း

တစ်ပွင့်ပန်း

ရာသီမရှိ နာရီမသိတဲ့ အချစ်​ရဲ့ပန်း
ငါ့ရင်​ကျွမ်းလုပြီပေါ့........

မနမ်းဝံ့ဘူး အလှမ်းခက်​သူမို့
မ​ကြွေမနွမ်း ငါလွမ်းခဲ့ရသူပေါ့........

မင်းအပြုံးတစ်​ချက် အိပ်မတ်ထဲထိ
တပ်မက်လို့  ရင်​မှာဝေဒနာ
ငါမေဖြသာဘူးက​လေး.......

ဒီလိုနဲ့ တစ်ညပြီးတစ်ည
တဖတ်သတ်ဘ၀နဲ့
မိုးလင်းတဲ့ည​ပေါင်း
ငါစာရင်းပေါင်းကြည့်အုံးမယ်.....

ချစ်တယ်ဆိုတဲ့စကား....
မင်းနားဖျားမှာမခါးရ​အောင်
အကြည့်တချက် လျှပ်တပြက်အတွင်းမှာ

ငါ့ခံစားချက်တွေကို ဖွေရှာပါလားက​လေး...

စာနာလှည့်​ပါ က​လေးရယ်........