Tuesday, July 1, 2014

မေမေ့တေးသံ

မေမေတေးသံ

ဟိုယခင်ငယ်စဉ်က အူဝဲအူဝဲငိုသံမစဲတော့
ရင်ခွင်တံခါးကိုဖွင့် တေးသံလွင့်ကာ
ပီတိဖြာ၍ မေတ္တာလက်ကိုသုန်း
ကြင်နာစွာတင်ပါးကိုရိုက်
အိပ်ပါတော့လား မေမေသားဟု
ဆိုကာပြုံးရင်း မမှိတ်တဲ့မျက်စိအစုံနှင့်
သားကိုကြည့် အားပြည့်နေခဲ့တဲ့အမေ---
သားအရွယ်ရောက်လာတော့
ကျောင်းထားနိုင်ရေး နေ့စဉ်တွေးကာ
တောင်ယာစိုက်ခင်း အမြဲဆင်း၍
သီးနှံထွက်တိုးဖို့ရေး ချွေးစက်ပေးရင်း
ဝါးခမောက်စုပ်နဲ့ အလုပ်ရှုပ်နေတဲ့အမေ--
ရသမျှငွေနဲ့ သားကိုကျောင်းထား
အဝတ်စားဆင် လှစေချင်တတ်စေချင်ခဲ့တဲ့ အမေ---
အမေမှာတော့ တောင်ယာခင်းမှာ ချွေးတွေထုတ် အင်္ကျီစုတ်နှင့်
တေးဆိုနေခဲ့တယ် အမေ--
ဆိုသောတေး ကျောင်းတော်တက်သွား
ငါ့ရဲ့သားသည် အဆင်ပြေဖို့ရေး
ငါအသက်ပေးလို့ ငွေရှာမည်
ချွေးစက်မြေခ ကြွေကြသော်လည်း---
သားလေးအရေးတွေးလို့
ငါပျော်မိပါသည် တဲ့

ဇရာထောင်းပေမဲ့ အသံကောင်း၍
မေတ္တာမဟောင်းမပြောင်းလေသောအမေရေ-
အမေမေတ္တာတရားဟာ လွန်စွာကြီးမား၍
ပြန်လည်ပေးဆပ်သော်လည်းမကြေနိုင်
တုနိုင်းမဲ့ မေတ္တာဖြစ်သောကြောင့်