ကြယ်ချင်းတူခဲ့ပေမယ့် ငါကနေ့ခင်းမှာပဲ ကြွေခဲ့တယ်…(terry)
မြူနှင်း…….
ကျောခြင်းကပ်လိုက်ရုံနဲ့
ခေါင်းနဲ့ ပန်းဘဝ
မျက်စိတစ်မှိတ်အတွင်းမှာပဲ
ရောက်ရှိသွားတာလား….
ထုံးတမ်းစဉ်လာအရ
ကံကြမ္မာကြောင့် ဖျားခဲ့တယ်လို့ပဲသတ်မှတ်ပါ။
ပြောတတ်ပေမယ့်
မပြောရက်ခဲ့တာပါ….
မြူနှင်းရယ်……။
မင်းရဲ့နေ့စဉ်သုံး ချစ်ချင်းတရားမှာ
ငါ့လိုသတ္တ၀ါဟာ
လမ်းညွှန်ပေးခဲ့ပေမယ့်
လိုမှထုတ်ကြည့်တတ်တဲ့
မြေပုံ တစ်ခုလောက်ပဲ
သဘောထားခြင်းခံခဲ့ရတာပါ…။
ဘယ်စကားဘယ်လိုပြောရင်
ဘယ်အရာကိုညာနေတယ်ဆိုတာ
သိပေမယ့်
ငါမသိသင့်တဲ့အရာတွေမှာ
ရင့်နင့်စရာတွေများလို့ 
ပြောမထွက်ပဲ ညာခဲ့တာလို့ 
အကြိမ်ကြိမ် ဖြေသိမ့်ခဲ့တယ်..
ငါနှုတ်ခမ်းကပြုံးတိုင်း
ငါရင်ထဲမှာပျော်နေတယ်ထင်လား..
ဂျိုကာတစ်ကောင်မှာလည်း
ငိုရတဲ့ရက်စွဲရှိတယ်..။
မြူနှင်းရယ်…
ကျောဘက်ကထိုးမှ
ဓါးတဲ့လား ကွယ်…
ရှေ့ဘက်ကထိုးလည်း
သေတတ်တာခြင်းတော့ တူပါတယ်..။
ရရှိခဲ့တဲ့စိတ်အမာရွတ်များ
ပြုလုပ်သူနေရာမှာ
ကျုပ်လို့ ပဲထားပါ….
စိတ်တို့ ရဲ့ရာဇ၀င်ထဲကအသံတွေကြား
မျက်ရည်လွယ်တတ်ရင်တော့
ညည်းချင်း များပဲကြားနိုင်တယ်။
ခိုင်မြဲခြင်းမခိုင်မြဲခြင်းတရား
အပန်းမကြီးရင်
ခေတ္တရပ်ပြီးစဉ်းစားကြည့်ပါ…
အမှန်နဲ့ အမှား
နှစ်ခုကြားကစီရင်ခြင်းတရား
ဆုံးဖြတ်သူရဲ့ လက်ထဲမှာပဲများတယ်….။
ငါစိုးရိမ်တယ်…မြူနှင်း……
ချစ်လှပါသည်ဆိုသော
နင့်ဘေးကအသစ်စက်စက်ကိုယ်ပွား
ငါထားသလိုနင့်ကိုထားနိုင်ပါ့မလား…
လေလှိုင်းထဲကပုံပြင်များ
နင်အမြဲတမ်းပြုံးနေရအောင်
ပြောပေးနိုင်ပါ့မလား…………..
ချိန်းတဲ့အချိန်တိုင်း
ရောက်ရောက်မလာတတ်ပေမယ့်
မျှော်လင့်ချက်တစ်ပုံတစ်ပင်ကြား
ငါ့လိုနေကွယ်အောင် စောင့်နိုင်ပါ့မလား………..
ဒါပေမယ့် မြူနှင်းရယ်………..
ငါလိုနေ့ ခင်းမှာကြွေတဲ့ကြယ်
ဘယ်သူမှ
သတိမထားမိဖို့ ပဲ များပါတယ်………။
ငါလိုနေ့ ခင်းမှာ ကြွေတဲ့ကြယ်….
ဘယ်သူမှ…
သတိမထားမိဖို့ပဲ များပါတယ်…….
သတိမထားမိဖို့ပဲများပါတယ်………………….။
terry(6.3.2011.)4;25am..
မြူနှင်း…….
ကျောခြင်းကပ်လိုက်ရုံနဲ့
ခေါင်းနဲ့ ပန်းဘဝ
မျက်စိတစ်မှိတ်အတွင်းမှာပဲ
ရောက်ရှိသွားတာလား….
ထုံးတမ်းစဉ်လာအရ
ကံကြမ္မာကြောင့် ဖျားခဲ့တယ်လို့ပဲသတ်မှတ်ပါ။
ပြောတတ်ပေမယ့်
မပြောရက်ခဲ့တာပါ….
မြူနှင်းရယ်……။
မင်းရဲ့နေ့စဉ်သုံး ချစ်ချင်းတရားမှာ
ငါ့လိုသတ္တ၀ါဟာ
လမ်းညွှန်ပေးခဲ့ပေမယ့်
လိုမှထုတ်ကြည့်တတ်တဲ့
မြေပုံ တစ်ခုလောက်ပဲ
သဘောထားခြင်းခံခဲ့ရတာပါ…။
ဘယ်စကားဘယ်လိုပြောရင်
ဘယ်အရာကိုညာနေတယ်ဆိုတာ
သိပေမယ့်
ငါမသိသင့်တဲ့အရာတွေမှာ
ရင့်နင့်စရာတွေများလို့ 
ပြောမထွက်ပဲ ညာခဲ့တာလို့ 
အကြိမ်ကြိမ် ဖြေသိမ့်ခဲ့တယ်..
ငါနှုတ်ခမ်းကပြုံးတိုင်း
ငါရင်ထဲမှာပျော်နေတယ်ထင်လား..
ဂျိုကာတစ်ကောင်မှာလည်း
ငိုရတဲ့ရက်စွဲရှိတယ်..။
မြူနှင်းရယ်…
ကျောဘက်ကထိုးမှ
ဓါးတဲ့လား ကွယ်…
ရှေ့ဘက်ကထိုးလည်း
သေတတ်တာခြင်းတော့ တူပါတယ်..။
ရရှိခဲ့တဲ့စိတ်အမာရွတ်များ
ပြုလုပ်သူနေရာမှာ
ကျုပ်လို့ ပဲထားပါ….
စိတ်တို့ ရဲ့ရာဇ၀င်ထဲကအသံတွေကြား
မျက်ရည်လွယ်တတ်ရင်တော့
ညည်းချင်း များပဲကြားနိုင်တယ်။
ခိုင်မြဲခြင်းမခိုင်မြဲခြင်းတရား
အပန်းမကြီးရင်
ခေတ္တရပ်ပြီးစဉ်းစားကြည့်ပါ…
အမှန်နဲ့ အမှား
နှစ်ခုကြားကစီရင်ခြင်းတရား
ဆုံးဖြတ်သူရဲ့ လက်ထဲမှာပဲများတယ်….။
ငါစိုးရိမ်တယ်…မြူနှင်း……
ချစ်လှပါသည်ဆိုသော
နင့်ဘေးကအသစ်စက်စက်ကိုယ်ပွား
ငါထားသလိုနင့်ကိုထားနိုင်ပါ့မလား…
လေလှိုင်းထဲကပုံပြင်များ
နင်အမြဲတမ်းပြုံးနေရအောင်
ပြောပေးနိုင်ပါ့မလား…………..
ချိန်းတဲ့အချိန်တိုင်း
ရောက်ရောက်မလာတတ်ပေမယ့်
မျှော်လင့်ချက်တစ်ပုံတစ်ပင်ကြား
ငါ့လိုနေကွယ်အောင် စောင့်နိုင်ပါ့မလား………..
ဒါပေမယ့် မြူနှင်းရယ်………..
ငါလိုနေ့ ခင်းမှာကြွေတဲ့ကြယ်
ဘယ်သူမှ
သတိမထားမိဖို့ ပဲ များပါတယ်………။
ငါလိုနေ့ ခင်းမှာ ကြွေတဲ့ကြယ်….
ဘယ်သူမှ…
သတိမထားမိဖို့ပဲ များပါတယ်…….
သတိမထားမိဖို့ပဲများပါတယ်………………….။
terry(6.3.2011.)4;25am..