Tuesday, July 8, 2014

"လောင်​မြိုက်​လိုက်​ကြစို့´´ ချစ်​မိုးညို{ချင်း​လေး}

"လောင်​မြိုက်​လိုက်​ကြစို့´´

ဒီလိုအညစ်​အ​ကြေး​တွေ...
နင့်​ဆီယူလာခဲ့မိတာကိုက
နှလုံးသားတစ်​ခုရဲ့စီရင်​ခြင်းမှာ
ငါလူသားမဆန်​နိုင်​ခဲ့ခြင်းပါ...
(အခု​တော့...)
နေရာမလပ်
မိုး​တွေသာလိုက်​လိုက်​ရွာ​နေတဲ့
ငါ့ကမ္ဘာထဲမှာ.........
နင့်​ကိုမနာကျင်​​စေချင်​​တော့ဘူး
ငါတို့အချစ်​က....
ကြာကြာဝါးရင်​ခါးဖို့​သေချာရင်
ဒီချိုမြိန်​ခြင်း​တွေကို
အချိန်​မှီငါတို့​ထွေးထုတ်​ပစ်​ရမယ်​....
မနက်​ဖြန်​ဟာ
လောင်​မြိုက်​​နေမှာ​သေချာရင်
ဒီ​နေ့​လေးထဲမှာပဲ
ငါနင့်​ကို​စိတ်​​အေးချမ်းသာစွာ
ဝှက်​ထားခဲ့ပါရ​စေ
နင့်​ရင်​ထဲမှာရှိ​နေတဲ့
ဒီမြူတွေကိုဖယ်​သုတ်​လိုက်​ပါချစ်​သူ
ငါနဲ့အတူ..
မိုးရွာထဲကိုယူသွားပါရ​စေ
နေညိုချိန်​နာကျင်​စရာ​တွေ
ငါတို့ရဲ့မနက်​ဖြန်​​တွေကို
မပူ​လောင်​​စေဖို့
ဒီတ​နေ့​တော့....ငါတို့
စောစီးစွာ​လောင်​မြိုက်​လိုက်​ကြစို့ချစ်​သူ.......

ချစ်​မိုးညို{ချင်း​လေး}