ရာဇဝင်ရိုင်းတယ်
နောက်ကြောင်းပြန်လှည့်ရင်
သမိုင်းအမှန်ပျောက်ဖို့က
အချိန်အခါပြောင်းသွားလဲ
အစဉ်အလာသမိုင်းမှာ
လူတစ်စုကောင်းစားဖို့
ဟောင်းမသွားတဲ့ပဋိပက္ခနဲ့ စစ်ပွဲ
ဖိုးဖွားပိုင်လယ်မြေယာ
သဘာဝသယဇာတပစ္စည်းတွေကြားမှာ
ဆင်းရဲနွမ်းပါးမူနဲ့
မြေဇာပင်သာဖြစ်လို့လေ။
ဧရာဝတီရယ်
နိုင်ငံပိုင်တောတောင်သဘာဝ
ပတ်ဝန်းကျင်ရယ်
စနစ်တစ်ခုအောက်မှာ
ခေတ်ရဲ့အလိုမပြည့်မူနဲ့ထိုးကျွေး
အကျိုးအမြတ်ရှာခေါင်ပုံဖြတ်လို့
အက်ကြောင်းတွေထပ်နေတဲ့
ဇာတ်ပေါင်းမှာယုတ်မာရက်စက်မူက
အဓမ္မမောင်းနှင်ခံနေရလို့
ငါတို့သွေးနဲ့ရင်းပြီးရေးခဲ့တဲ့
သမိုင်းဟာရာဇဝင်ရိုင်းခဲ့ရတယ်။
အညတရမောင်
နောက်ကြောင်းပြန်လှည့်ရင်
သမိုင်းအမှန်ပျောက်ဖို့က
အချိန်အခါပြောင်းသွားလဲ
အစဉ်အလာသမိုင်းမှာ
လူတစ်စုကောင်းစားဖို့
ဟောင်းမသွားတဲ့ပဋိပက္ခနဲ့ စစ်ပွဲ
ဖိုးဖွားပိုင်လယ်မြေယာ
သဘာဝသယဇာတပစ္စည်းတွေကြားမှာ
ဆင်းရဲနွမ်းပါးမူနဲ့
မြေဇာပင်သာဖြစ်လို့လေ။
ဧရာဝတီရယ်
နိုင်ငံပိုင်တောတောင်သဘာဝ
ပတ်ဝန်းကျင်ရယ်
စနစ်တစ်ခုအောက်မှာ
ခေတ်ရဲ့အလိုမပြည့်မူနဲ့ထိုးကျွေး
အကျိုးအမြတ်ရှာခေါင်ပုံဖြတ်လို့
အက်ကြောင်းတွေထပ်နေတဲ့
ဇာတ်ပေါင်းမှာယုတ်မာရက်စက်မူက
အဓမ္မမောင်းနှင်ခံနေရလို့
ငါတို့သွေးနဲ့ရင်းပြီးရေးခဲ့တဲ့
သမိုင်းဟာရာဇဝင်ရိုင်းခဲ့ရတယ်။
အညတရမောင်