Sunday, July 6, 2014

အိုဘယ့်အမောင် (သူ့ရှင်)

အိုဘယ့်​အ​မောင်
~~~~~~~~~
အိုဘယ့်​အ​မောင်

``မိုးကညိုရိပ်
ရွာ​ပေလိမ့်​ဟု
မိုးကိုမှန်း​မျှော်
ညကို​ကျော်​သည်
မိုးသာလင်း၏
မိုးမရှိ သို့....

ပန်း​တော်​ဖူးမို့
ပွင့်​၍သင်းမည်
လှ​ပေမည်​ဟု
စိတ်​ကထင်​ရည်
ပျိုးခဲ့သည်​မင့်
ပွင့်​၍သာလာ
နံ့မပါ သို့ ....´´

ဘယ်​မျှကြိုးကြိုး
လုလ္လကိုးလဲ
တိတ်​ကံကြမ္မာ
ဝင်​​နှောင့်​ပါ​သော်
ရွာမည်​လိုလို
မောင်​မိုးညိုလည်း
လေကခွဲ၍ ကွဲ​လေသည်​ ..။

သူ့ရှင်​/ကလေး