Sunday, July 6, 2014

စစ်ကိုင်း (ထွဏ်းသွေး အိမ်)

စစ်ကိုင်း (ထွဏ်းသွေး အိမ်)

တံတားအသစ်ကနေ
လေတဝူးဝူးနဲ့မောင်းတော့
တံတားအဟောင်းက
ငါ့ကိုတွေတွေကြီးကြည့်ပြီး
တစ်ခုခုပြောနေသလိုပဲ။

မြစ်ဟာမြစ်လိုနေခဲ့တော့
ဧရာဝတီဟာအထင်အရှား
ဖျက်ကနဲ
တစ်ချက်လက်သွားတဲ့
ရွှေကြက်ယက်ဘုရားပေါ်မှာ
တစ်ခါက
အလောင်းတွေပြန်ထခဲ့တယ်။

တံတားကို
ဘယ်နှစ်ကုံးဆောက်ဆောက်
တစ်ဖက်ကမ်းတော့
ရောက်သွားတာပဲမဟုတ်လား
စစ်သားနဲ့ဘုရားတွေမြင်ရင်
ဒါဆိုစစ်ကိုင်းပဲ။ ။

ထွဏ်းသွေးအိမ်
တံတားပေါ်ဖြတ်ဆဲလူများ။