Sunday, July 6, 2014

မိဝေ. (ထွဏ်းသွေးအိမ်)

မိဝေ

အမုန်းဆုံးဆိုတာတွေရခဲ့ပြီးတဲ့
နောက်တော့ငါကဘယ်လို
မျက်လုံးမျိုးနဲ့နင့်ကောင်းကင်ကို
မော့ကြည့်ရမှာလဲမိဝေ။

အဆင်းမှာနင်တပ်ပေးလိုက်တဲ့
ဘီးတွေကအရမ်းသွက်တယ်ဆို
တာနင်သိလား။

လွမ်းရင်တောင်ပွင့်ပွင့်လင်းလင်း
မလွမ်းရဲတဲ့လူတစ်ယောက်ရဲ့
နှလုံးသားကိုနင်မြင်လား။

ငြိမ်နေတဲ့နင့်ရေကန်လေးထဲမှာ
ခဲလုံးလေးတစ်ချက်ပစ်ချမိတာ
ငါ့ရဲ့ပထမဆုံးအမှားပါမိဝေ။

လူလူချင်းကပ်ထားမှဒီဆောင်းက
နွေးမယ်ဆိုရင်အဲဒီထဲ
ငါမပါနိုင်တော့ဘူး။

နင်တို့အိမ်ခေါင်မိုးပေါ်လာနား
နေတဲ့ခိုလေးတွေကိုနင်မေးကြည့်ပါလား။
ငါ့အခန်းထဲမှာအလွမ်းတွေ
နဲ့ပြည့်ညှပ်နေတယ်ဆိုတာ။

နာရီလေးတွေကသူ့အလုပ်
သူလုပ်တယ်ဆိုပေမဲ့
၉း၁၅
၎း၅၃
မနက် ၅း၃၀ အချိန်တွေကိုတော့
ခုချိန်ထိငါစောင့်ကြည့်နေတုန်းပဲ။

နင့်ကိုယ်တိုင်ခပ်သွားတဲ့
ငါ့ရဲ့ဒိုင်ယာရီစာအုပ်လေးကို
နင်မလာတော့ဘူးဆိုရင်တော့
သော့လေးကိုလူကြုံထည့်ပေးလိုက်ပါလား။

ဗလာကတဲ့ဇာတ်ပွဲမှာငါက
ဖျာဦးနောက်ချခဲ့သူလားမိဝေ။
မဖြေပါနဲ့တော့
ငါအသက်ထွက်သွားမှပဲမင်းကို
လွမ်းတဲ့အလွမ်းလည်းပျောက်
သွားမယ်ဆိုတာနင်သိရင်
ကောင်းမယ်မိဝေ။ ။

ထွဏ်းသွေး အိမ်