Tuesday, July 1, 2014

အ​မှောင်​ခွင်း လင်းလိုသည်​... (သူ့ရှင်)

အ​မှောင်​ခွင်း၍
လင်းလိုသည်​...
~~~~~~~~
မင်းကိုမုန်းမို့
ဆိုသည်​ထင်​သ​လော
မမုန်းပါဘူး ..
မင်းမုန်းဆိုလည်း
မုန်းဖို့မရည်
ဆိုခဲ့သည်​မို့ ...၊

သူ့ကိုချစ်​မို့
ကူညီထင်​သ​လော
မဟုတ်​ပါဘူး ..
သူကချစ်​လည်း
ကိုယ်​ကမချစ်
မေတ္တာစစ်​နဲ့
သက်​သက်​ဘာသာ
ကူခဲ့ပါမို့ ...၊

ဪ..
ဘာမျှ​ရေရာ
မ​သေချာလှ
ကြုံလာခဏ
ဘုံဘဝဝယ်
ပြင်​၍မလွယ်
သောကနွယ်​မည့်
ဆိုးညစ်​ပြစ်​မျိုး
ငါမပျိုးပြီ
အ​မှောင်​ခွင်း၍
လင်းလိုပြီ ...။

သူ့ရှင်​ [က​လေး]