ကျုပ်… အညာခံ လိုက်ရတယ် -
လွမ်းနောင်
တကယ်တော့…
ကျုပ်က ပြောသလောက်လဲ
မ,အ လှပါဘူး…
ဒါပေမယ့်…
ကျုပ် အညာခံလိုက်ရတယ်…..
မျက်ဝန်းလှလှလေးတွေက
ကျုပ်မျက်ရည်တွေကို ခြွေချခဲ့တယ်…..
လက်ဖ၀ါးနုနုလေးတွေက
ကျုပ် အသည်းကို ခြေမွခဲ့တယ်…..
နှုတ်ခမ်း ဖူးဖူးလေးတစ်စုံက
ကျုပ် ဘ၀ကို မြေခ စေခဲ့တယ်…..
ကျုပ် အညာခံလိုက်ရတယ်……..
သူပြောတယ်….
ကျုပ်က သူ့ဘ၀တဲ့
သူ့ဘ၀ကို သူကိုယ်တိုင်
ဖျက်ဆီးလိုက်တယ်….
သူပြောတယ်….
ကျုပ်က သူ့အနာဂတ်ဆိုပဲ…
သူ့အနာဂတ်ကို သူကိုယ်တိုင်ပဲ နင်းသတ်ခဲ့တယ်…..
သူ့အပြောအရ….
ကျုပ်က အရာရာဖန်ဆင်းနိုင်တယ်တဲ့….
သူ့လိုအင်တွေဖြည့်ဆည်းပေးပြီးတဲ့နောက်…
ကျုပ်က သုံးမရတဲ့ငနဲတစ်ကောင်…..
ပြီးတော့… ပြောသွားသေးတယ်..
ပြောင်းလဲမှုတိုင်းကို သစ္စာမဲ့ခြင်း လို့
သတ်မှတ်လို့မရဘူးတဲ့……
ကျုပ်.. ဟားတိုက်ရယ်ရင်းနဲ့
အဲဒီ သစ္စာဆိုတာကို
ကျုပ် ရင်ဘတ်ထဲကနေ
ခွဲထုတ်ပြခဲ့တယ်……….
နောက်ဆုံးတော့….
ကျုပ် အသည်းကွဲတယ်….
ကျုပ်… အရမ်းနာတယ်..
နင့်နင့်သည်းသည်းကို နာကြဉ်းတယ်…..
ကျုပ် အချစ်….
ကျုပ် မေတ္တာ…
လှည့်ဖြားခံခဲ့ ရတယ်…..
ပေးဆပ်ခဲ့သမျှ…
နားလည်ခဲ့သမျှ….
စာနာခဲ့သမျှတွေ…
အားလုံး…..
အလကားဖြစ်သွားရလောက်အောင်ကို
ကျုပ် အညာခံလိုက်ရတယ် ဗျာ……...။ ။
P.S.အညာသားတစ်ယောက်မို့ ကျုပ် လို့ပြောတာ ရိုင်းတယ်တော့မထင်ကြနဲ့ဗျာ……
လွမ်းနောင်
လွမ်းနောင်
တကယ်တော့…
ကျုပ်က ပြောသလောက်လဲ
မ,အ လှပါဘူး…
ဒါပေမယ့်…
ကျုပ် အညာခံလိုက်ရတယ်…..
မျက်ဝန်းလှလှလေးတွေက
ကျုပ်မျက်ရည်တွေကို ခြွေချခဲ့တယ်…..
လက်ဖ၀ါးနုနုလေးတွေက
ကျုပ် အသည်းကို ခြေမွခဲ့တယ်…..
နှုတ်ခမ်း ဖူးဖူးလေးတစ်စုံက
ကျုပ် ဘ၀ကို မြေခ စေခဲ့တယ်…..
ကျုပ် အညာခံလိုက်ရတယ်……..
သူပြောတယ်….
ကျုပ်က သူ့ဘ၀တဲ့
သူ့ဘ၀ကို သူကိုယ်တိုင်
ဖျက်ဆီးလိုက်တယ်….
သူပြောတယ်….
ကျုပ်က သူ့အနာဂတ်ဆိုပဲ…
သူ့အနာဂတ်ကို သူကိုယ်တိုင်ပဲ နင်းသတ်ခဲ့တယ်…..
သူ့အပြောအရ….
ကျုပ်က အရာရာဖန်ဆင်းနိုင်တယ်တဲ့….
သူ့လိုအင်တွေဖြည့်ဆည်းပေးပြီးတဲ့နောက်…
ကျုပ်က သုံးမရတဲ့ငနဲတစ်ကောင်…..
ပြီးတော့… ပြောသွားသေးတယ်..
ပြောင်းလဲမှုတိုင်းကို သစ္စာမဲ့ခြင်း လို့
သတ်မှတ်လို့မရဘူးတဲ့……
ကျုပ်.. ဟားတိုက်ရယ်ရင်းနဲ့
အဲဒီ သစ္စာဆိုတာကို
ကျုပ် ရင်ဘတ်ထဲကနေ
ခွဲထုတ်ပြခဲ့တယ်……….
နောက်ဆုံးတော့….
ကျုပ် အသည်းကွဲတယ်….
ကျုပ်… အရမ်းနာတယ်..
နင့်နင့်သည်းသည်းကို နာကြဉ်းတယ်…..
ကျုပ် အချစ်….
ကျုပ် မေတ္တာ…
လှည့်ဖြားခံခဲ့ ရတယ်…..
ပေးဆပ်ခဲ့သမျှ…
နားလည်ခဲ့သမျှ….
စာနာခဲ့သမျှတွေ…
အားလုံး…..
အလကားဖြစ်သွားရလောက်အောင်ကို
ကျုပ် အညာခံလိုက်ရတယ် ဗျာ……...။ ။
P.S.အညာသားတစ်ယောက်မို့ ကျုပ် လို့ပြောတာ ရိုင်းတယ်တော့မထင်ကြနဲ့ဗျာ……
လွမ်းနောင်