Wednesday, July 16, 2014

မုန်း​တော့မည်​ဆိုလျှင်​.... (သူ့ရှင်)

မုန်း​တော့မည်​ဆိုလျှင်​....

မင်းကိုမုန်းလိုက်​လို့
ငါ​ပျော်​ရွှင်​ရမယ်​ဆိုရင်
မုန်းလိုက်​မှာပါ
ရက်​ရက်​စက်​စက်​...။

ငါ့ကိုမုန်းလိုက်​လို့
မင်း​ပျော်​ရွှင်​ရမယ်​ဆိုရင်
မုန်းလိုက်​စမ်းပါ
ရက်​ရက်​စက်​စက်​ ...။

တကယ်​မ​ပျော်​ရွှင်​ရပဲနဲ့​တော့
ရက်​ရက်​စက်​စက်
မမုန်းမိပါ​စေနဲ့ ...
အဲဒီအမုန်းကို
မင်းပဲ ...
ရက်​ရက်​စက်​စက်
ခံစားရမှာမို့ပါ ....။

သူ့ရှင်​ /