Wednesday, July 16, 2014

ဖွဖွလေးနမ်းချင်တယ်(နွေဦးကို)

ဖွဖွလေးနမ်းချင်တယ် (နွေဦးကို)

ပန်းတစ်ပွင့်ရဲ့
နွမ်းလျတတ်တဲ့ အလှတရားမျိုးနဲ့
အလွန်လှပနေကြတဲ့
ကောင်မလေးတွေကိုကြည့်ပြီး
သားရင်မောမိတယ်အမေ
အနိစ္စဆိုတဲ့
မတည်မြဲခြင်းသဘောကို
ဥပေက္ခာပြုလို့
လောဘတွေမောဟတွေ
ဖုံးလွှမ်းနေလေရဲ့....

အလှအပဆိုတာ တစ်ခဏပါအမေ
ရုပ်လှဖို့ထက် စိတ်လှဖို့က
ပိုအရေးကြီးပါတယ်
အလှအပတွေရှိနေသလို
နွမ်းလျတတ်တဲ့
သဘောလေးတွေလဲ
ရှိနေလေရဲ့လို့
ဆင်ခြင်မိတတ်ကြရင်
သူတို့တစ်တွေ
အလှအပဆိုတာကို
စွဲစွဲလမ်းလမ်းကြီး
ခုံမင်မိကြမှာမဟုတ်လေဘူး
အမေရေ.....
အမေ့သားကျွန်တော်
သနပ်ခါးပါးကွက်ကျားနဲ့
တောသူမလေးတွေရဲ့
အလှတရားလောက်
မြို့ပြကြီးကကောင်မလေးတွေရဲ့
ရောင်စုံအလှအပတွေကို
မခံစားတတ်လေဘူး
အမေရေ....
ဟောဒီကမ္ဘာပေါ်က ကောင်မလေးတွေ
ဘယ်လောက်လှလှ ဇရာလွှမ်းနေတဲ့
အမေ့ရဲ့ပါးပြင်လေးကိုပဲ
သား.....ဖွဖွလေးနမ်းချင်တယ်။

နွေဦးကို