Wednesday, July 9, 2014

သောက​ခြေရာ (၉) 

သောက​ခြေရာ (၉) 

ဘယ်သူမြင်
ဘယ်သူသိမှာလဲ၊
သူရှိတယ် ကိုယ့်​ရင်​ထဲ 
အမြဲငြိတွယ်။

အရိပ်ကလေးလို အစဉ်ခြောက်သူရဲ့
စိတ်အ​တွေး​​ကို တမင်နှောက်တာလား၊
သခင်ရောက်ပါလို့ တဝဲလည်လည်။

ငွေလသာ အရိပ်​ထိုးရင်​လဲ
ဲနွေညမှာ အအိပ်ခိုးပြန်ပေါ့၊
စိတ်ဆိုးဟန် တမင်​လွှဲ​ပေမဲ့
ရင်​ထဲက အရိပ်ငယ်၊
ဆိတ်ကွယ်လို့ပျောက်မသွား။

အစဉ်ဝေးပြီပဲ၊ ရင်​မ​အေး​အောင်
်မနှိပ်စက်ပါနဲ့၊ အအိပ်ပျက်ကာ
နေမရ​အောင်
နွေညကို ကျိန်စာတိုက်သူရဲ့
စိတ်ကြိုက်သလို ခွာခွာ​နေပါ့ ။

မာယာတွေ အဆင်​ခွဲကာ
ရင်​ထဲမှာ ခြေရာမချန်နဲ့၊
ဝေဒနာဒဏ် အရိပ်ခွာချလို့၊
(အချစ်​ရယ်​ …)
အိပ်ပါရစလေား။ ။-

မောင်​စိန်​ဝင်း
{ပုတီးကုန်း}