Wednesday, July 9, 2014

သက်သေတည်ပြီးပြောပြချင်တယ်(ထက်ဝေလျှံ)

သက်သေတည်ပြီးပြောပြချင်တယ်(ထက်ဝေလျှံ)

ကောင်မလေးရေ
မင်းနဲ့တို့
မမျှော်လင့်ဘဲတွေ့ဆုံခဲ့တယ်နော်
စိမ်းစိမ်းခါခါးကြည့်သွားတဲ့
မင်းရဲ့အကြည့်တစ်ချက်
ငါ့နှလုံးသားပြင်ကို
ရေခဲစိမ်အဆိပ်လက်ဝါးလို
စူးရှစေခဲ့တာမို့
ငါလေအဲဒီဒဏ်ရာကိုကုစားဖို့
လိုဏ်ဂူအောင်းပြီးအဆိပ်ထုတ်ခဲ့ရတယ်
ဒါပေမဲ့လေ
မကုန်စင်သေးတဲ့ဝေဒနာအပိုင်းစလေးတွေ
ငါ့ရင်မှာကျန်နေသေးတယ်ဆိုတာ
ဟိုးမိုးကောင်းကင်ထက်က
ငွေကြယ်ပွင့်လေးတွေကို
သက်သေတည်ပြီးပြောရဲပါတယ်
မင်းသာငါ့နှလုံးသားကို
အစိမ်းချွေပြီးစွန့်ခွါသွားမယ်ဆိုရင်
ငါလေ--ရူးသွပ်သွားမှာတကယ်ပါ
မင်းမှာကျင်နာသနားတတ်တဲ့နှလုံးရှိမယ်ဆိုရင်
ငါမင်းအချစ်ကိုသစ္စာရှိရှိစောင့်မျှော်နေမယ်
တကယ်တော့---
တမ်းတရင်း--
စောင့်မျှော်ရင်း

ဒါတွေဟာငါ့အတွက်
မိုးကောင်းကင်အိပ်မက်တွေဆိုတာ
ငါ့ကိုငါသိနေခဲ့တယ်
မင်းအနားမှာလိပ်ပြာလေးတစ်ကောင်လို
အမြဲပျံဝဲနေချင်တဲ့.."ကို"။

   ထက်ဝေလျှံ(ရွှေသန်လျင်)