Tuesday, July 8, 2014

နီးမလိုလိုနဲ့ဝေး (နွေဦးကို)

နီးမလိုလိုနဲ့ဝေး(နွေဦးကို)

ငါတို့ဘဝတွေက
နေ့နဲ့ညလို ဆုံနိုင်ခွင့်မရှိခဲ့
မင်းမသိတဲ့အလွမ်းတွေနဲ့
နေ့ရက်တွေကုန်ဆုံး
ဘဝဆိုတာ...
ဟိုးမိုးကောင်းကင်ထက်က
တိမ်စုလေးတွေလိုပဲ
တစ်ခါတစ်ခါပေါင်းဆုံလိုက်
တစ်ခါတစ်ခါကွဲကွာလိုက်
နောက်ဆုံးတော့...
ပျက်သုဉ်းပျောက်ကွယ်သွားကြတယ်
ဒီလိုပဲလေ....
ငါတို့ဘဝတွေကလဲ
နီးမလိုလိုနဲ့
ဝေးသွားတဲ့မျှော်လင့်ချက်တွေနဲ့
ဘဝကိုရှင်သန်ရင်း
မိုးပေါ်ကတိမ်စုလေးတွေလို
ပျောက်ကွယ်သွားတော့မလားလို့တွေးရင်း
အချစ်ဆိုတာကိုရင်မှာသိုဝှက်
အရှက်တရားနဲ့ကိုယ်ကျင့်သိက္ခာကြောင့်
မြိုသိပ့်ခဲ့ကြတယ်
ဒါပေမဲ့ကွယ်
စစ်မှန်တဲ့ချစ်ခြင်းတရားတွေဆိုတာ
ဘယ်တော့မှသေဆုံးခြင်းမရှိဘဲ
ထာဝရရှင်နေမှာပါ။

နွေဦးကို