Tuesday, July 8, 2014

ချစ်ရသူမေ (@tp)

ချစ်ရသူမေ

မေရယ်...မေရဲ့အပြုံး
မေရဲ့မျက်လုံးလေးတွေနဲ့
အကြည့်တွေ ဆုံမိခဲ့စဉ်က
အချိန်တွေ ယနေ့တိုင်မမေ့နိုင်ခဲ့ပါမေ....
တစ်နေ့တစ်နေ့ လွမ်းတမြေ့မြေ့ ဖြစ်နေဆဲပါမေ....
မေထားရာနေ,မေစေရာသွား မေအနားမှာနေသွားခဲ့ချိန်
မေ,မကြိုက်တဲ့အရာ ကိုယ်ဘာတစ်ခုမှမလုပ်ခဲ့ပါမေ......
မေမပျော်လို့စိတ်ညစ်နေချိန်
မေစိတ်ညစ်လို့အော်ငေါက်နေချိန်
မေကိုအရှုံးပေးနှစ်သိမ့်ခဲ့တာတွေ
မှတ်မိသေးလားမေ...
မေအချစ်ကိုရဖို့အတွက်နဲ့
ကိုယ့်ဘဝတစ်ခုလုံးကိုပေးဆပ်ခဲ့တာတောင် မလုံလောက်သေးဘူးလားမေ......
မေ စကားကိုမပီကလာပီကလာချွှဲလို့ ဆိုးနွဲ့ခဲ့တာတွေလည်း
မောင်ဘယ်သောအခါမှ ဗွေမယူခဲ့ပါမေ......
မေစဉ်းစားဆဲ,စဉ်းစားဆဲဆိုပြီး
တမင်တကာလမ်းခွဲသွားတာတောင် မောင်ကစွဲလမ်းဆဲပါမေ....
မေတစ်နေ့နေ့ အချစ်သစ်တွေနဲ့ အဆင်မပြေစရာတွေရှိလို့နေရင် မောင့်ရင်ခွင်ဆီပြန်လာခဲ့ပါမေ......
မေပြန်လာမဲ့ရက် လက်ချိုးရေတွက်
မောင်စောင့်နေမယ်မေ....

@tp