သင်နှင့်မသက်ဆိုင်တော့သည့်
မနက်ဖြန်၏သတိုးသမီး
ငါမငိုတတ်ပါဘူး
ဒါပေမယ့်
နင့်ကိုဆုံးရှုံးရတော့မို့လို့ ကျတဲ့မျက်ရည်တော့ရှိတယ်
ငါသတ္တိမနည်းခဲ့ပါဘူး
အချစ်တစ်ခုနဲ့
ဘဝတစ်ခုတည်ဆောက်ဖို့
နင် ငါနောက်မလိုက်ရဲခဲ့တာပါ
ငါ နင်နဲ့တစ်လင်တစ်မယားဘဝ
မတည်ဆောက်ချင်လို့မဟုတ်ပါဘူး
နင်လိုချင်တဲ့အခြေအနေရောက်အောင်
ငါ ကြိုးစားနေလို့ပါ
ငါမမိုက်ရိုင်းတတ်ပါဘူး ဒါပေမယ့်
ငွေရှိမှလူရာသွင်းချင်တဲ့
မင်းမိဘအသိုင်းအဝိုင်းကို
ငါ ကျိန်ဆဲဖူးတယ်....
ချစ်သူရေ
မင်းဘဝလေး ဝမ်းဝ ခါးလှစေဖို့အတွက်
ဒုတိယဘုရားသခင်နောက်ကို
ငါကောက်ကောက်ပါအောင်လိုက်ရင်း
အခုတော့မင်းက
အလွှာမတူတဲ့ဘဝနှစ်ခု ပေါင်းကံမပါလို့
လွဲရတယ်လို့ပဲ ငါဖြေသိမ့်လိုက်ပါမယ်
မဖြစ်နိုင်မှန်းသိရဲ့နဲ့
တို့နှစ်ယောက်ဖက်တွယ်ခဲ့ကြတာပါ
နောင်တလို့ ငါမပြောချင်တော့ပါဘူး
ငါကိုချစ်တဲ့နင်က ငါ့ကိုအချိန်ပေးပြီ
မစောင့်နိုင်တာလေ....
မနက်ဖြန်ဆိုတဲ့အချိန်လေးမှာ
ရွှေကိုရွှေချင်းထပ်တဲ့ပွဲမှာ
မင်းရဲ့ဘေးနာကသတိုးသားဟာ
ငါမဖြစ်ရပေမယ့် အဖြူရောင်သတိုးသမီး
ဝတ်စုံလေးနဲ့ နင်အရမ်းလှနေမှာပါဟာ......
မိုးသစ်စ(ကဗျာချစ်သူ)
မနက်ဖြန်၏သတိုးသမီး
ငါမငိုတတ်ပါဘူး
ဒါပေမယ့်
နင့်ကိုဆုံးရှုံးရတော့မို့လို့ ကျတဲ့မျက်ရည်တော့ရှိတယ်
ငါသတ္တိမနည်းခဲ့ပါဘူး
အချစ်တစ်ခုနဲ့
ဘဝတစ်ခုတည်ဆောက်ဖို့
နင် ငါနောက်မလိုက်ရဲခဲ့တာပါ
ငါ နင်နဲ့တစ်လင်တစ်မယားဘဝ
မတည်ဆောက်ချင်လို့မဟုတ်ပါဘူး
နင်လိုချင်တဲ့အခြေအနေရောက်အောင်
ငါ ကြိုးစားနေလို့ပါ
ငါမမိုက်ရိုင်းတတ်ပါဘူး ဒါပေမယ့်
ငွေရှိမှလူရာသွင်းချင်တဲ့
မင်းမိဘအသိုင်းအဝိုင်းကို
ငါ ကျိန်ဆဲဖူးတယ်....
ချစ်သူရေ
မင်းဘဝလေး ဝမ်းဝ ခါးလှစေဖို့အတွက်
ဒုတိယဘုရားသခင်နောက်ကို
ငါကောက်ကောက်ပါအောင်လိုက်ရင်း
အခုတော့မင်းက
အလွှာမတူတဲ့ဘဝနှစ်ခု ပေါင်းကံမပါလို့
လွဲရတယ်လို့ပဲ ငါဖြေသိမ့်လိုက်ပါမယ်
မဖြစ်နိုင်မှန်းသိရဲ့နဲ့
တို့နှစ်ယောက်ဖက်တွယ်ခဲ့ကြတာပါ
နောင်တလို့ ငါမပြောချင်တော့ပါဘူး
ငါကိုချစ်တဲ့နင်က ငါ့ကိုအချိန်ပေးပြီ
မစောင့်နိုင်တာလေ....
မနက်ဖြန်ဆိုတဲ့အချိန်လေးမှာ
ရွှေကိုရွှေချင်းထပ်တဲ့ပွဲမှာ
မင်းရဲ့ဘေးနာကသတိုးသားဟာ
ငါမဖြစ်ရပေမယ့် အဖြူရောင်သတိုးသမီး
ဝတ်စုံလေးနဲ့ နင်အရမ်းလှနေမှာပါဟာ......
မိုးသစ်စ(ကဗျာချစ်သူ)