Monday, August 17, 2015

ကြေကွဲနေ့စွဲ..... ဒီရေလှိုင်း (မြောင်းမြ)

ကြေကွဲနေ့စွဲ

မေ
ပြန်လာခဲ့ပါလား
ခွဲခွာသွားတဲ့ရက်ကို
လက်ချိုးရေရင်း
တို့အတူသွားခဲ့တဲ့
မြောင်းမြမြို့ရဲ့လမ်းတစ်လျှောက်
ဝါဆိုမိုးတွေက
တစ်ဖွဲဖွဲကြွေဆင်းနေပြီ မေ

အသက်မဲ့မျှော်လင့်ခြင်းတွေနဲ့
ငါ့ရဲ့ရင်ခုန်ခြင်းကို
နင်မေ့သွားမယ်ဆိုရင်တောင်
လွမ်းခွင့်တစ်ခုတော့ချန်ခဲ့ပါ

လှပတဲ့မျက်ဝန်းတစ်စုံက
ချစ်ခြင်းတွေနဲ့အတူ
တည်ငြိမ်နေတဲ့ ငါ့နှလုံးသားကို
ချစ်တက်အောင်သင်ပေးခဲ့တာလေ

မေရေ
ကျော်လွန်ခဲ့တဲ့နေ့တစ်နေ့ရဲ့
စွဲလမ်းစရာနေ့စွဲတွေက
မင်းနေခဲ့တဲ့မြောင်းမြမြို့ရဲ့
အမှတ်တရနေရာတွေမှာ
ဆက်လက်ရှင်သန်နေတုန်းပဲ

လွမ်းဆွတ်ခြင်းဆိုတဲ့
ကြေကွဲမူ့ဒဏ်ရာတွေက
မင်းရဲ့ဓာတ်ပုံကိုထုတ်ကြည့်​မိတိုင်း
မေ့မရခြင်းမျက်ရည်နဲ့အတူ
မြောင်းမြမြို့ရဲ့အနီးတစ်ဝိုက်မှာ
အလွမ်းမိုးတွေရွာနေတယ် မေ

ဒီရေလှိုင်း (မြောင်းမြ)