မယ်ဘွဲ့ တေးထပ်
လှတစ်ခိုင် ပျိုတစ်မိ အလိုရှိချစ်ခင်
ကိုယ်အတိမလှစ်ချင် တစ်ခေတ်တွင်သူစွဲ
ရှု့လိုက်တိုင်းယဉ်ပေတာ မိုးယုစံနှိုင်းတုမှီပဲ
ချစ်စရာရုပ်ရေငယ် ချစ်စိတ်မပြေပဲ
မြောင်းမြနယ်ထဲမှာ တစ်ကယ်ပဲမရှိပေါင်
လှချောသူအနန္တ ပထမရလိမ့်ထင်ယောင်
ကြည့်လိုက်တိုင်း သရေပြောင်သည်
ကုဋေထောင် ကြယ်မြူးသို့
စံပယ်ဖူးပုံပမာ မိုးနတ်သူဇာ
ကိုးနဝရတ် ဆင်းတန်ဆာလို
ခင်ကညာခေါင်ထိပ်ကွဲ့လေးး
လှတစ်ခိုင် ပျိုတစ်မိ အလိုရှိချစ်ခင်
ကိုယ်အတိမလှစ်ချင် တစ်ခေတ်တွင်သူစွဲ
ရှု့လိုက်တိုင်းယဉ်ပေတာ မိုးယုစံနှိုင်းတုမှီပဲ
ချစ်စရာရုပ်ရေငယ် ချစ်စိတ်မပြေပဲ
မြောင်းမြနယ်ထဲမှာ တစ်ကယ်ပဲမရှိပေါင်
လှချောသူအနန္တ ပထမရလိမ့်ထင်ယောင်
ကြည့်လိုက်တိုင်း သရေပြောင်သည်
ကုဋေထောင် ကြယ်မြူးသို့
စံပယ်ဖူးပုံပမာ မိုးနတ်သူဇာ
ကိုးနဝရတ် ဆင်းတန်ဆာလို
ခင်ကညာခေါင်ထိပ်ကွဲ့လေးး