Saturday, August 29, 2015

အထီးကျန် ( ချစ်သူရင်ခွင်မြို့တော် - အင်းလေး-ပေါရိသတ်​ )

အထီးကျန်

နွေရာသီကို ရောက်ပြန်တော့
ဥသြငှက်တွေ ကြိုဆိုနေကြတယ်

မိုးရာသီကို ရောက်ပြန်တော့
ဖားကလေးတွေ ပျော်မြူးနေကြတယ်

ဆောင်းရာသီကို ရောက်ပြန်တော့ မြူနှင်းလေးတွေ အေးမြရတယ်

နွေ,မိုး,ဆောင်း
ရာသီတွေ အလီလီပြောင်းခဲ့​ပေမဲ့
ခုချိန်ထိ.....
ကိုယ့်​ဘဝ အထီးကျန်နေရပါလား.....

ချစ်သူရင်ခွင်မြို့တော်
အင်းလေး ပေါရိသတ်